Magway News

Magway News

ထီးလင်းမြို့ပတ်ပတ်လည် စစ်ကောင်စီတပ်က ထောင်ထားသည့် မိုင်းနင်းမိကာ ရဲ ၁ ဦး ခြေဖြတ် ပြင်းထန်ဒဏ်ရာရ၊ ခွေး ၁ ကောင်သေဆုံး ၊ စစ်တပ်က ထီးလင်းမြို့ပတ်ပတ်လည်တွင် မိုင်းအများ အပြားထောင်ထားသဖြင့် ပြည်သူများ အသွားအလာဂရုစိုက်ကြပါရန်သတိပေး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၆

 

မကွေးတိုင်း၊ ထီးလင်းမြို့ပတ်ပတ်လည်တွင် စစ်ကောင်စီတပ်ဖွဲ့က ထောင်ထားသည့် မိုင်းကို နင်း မိကာ ရဲတစ်ဦး ခြေထောက်ဖြတ် ဒဏ်ရာ အပြင်းအထန် ရရှိပြီး ခွေးတစ်ကောင် သေဆုံးခဲ့ကြောင်း ယောအလင်းတန်းထံမှ သိရသည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက် နံနက် ၁၀ နာရီ ၁၃ မိနစ်က ထီးလင်းမြို့၊ စည်ပင်ရပ်ကွက် အ နောက် အစွန်ဘက်ရှိ ငှက်ပျောခြံထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထောင်ထားသည့် မြေမြှုပ် မိုင်း တစ်လုံး error (မှားယွင်းချက်) တက်၍ ပေါက်ကွဲမှုကြောင့် အနီးအနားဖြတ်သန်းသွားလာသည့် လူ ထိခိုက်မှု မရှိပဲ ခွေးတစ်ကောင်သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက် နေ့ ကလည်း ထီး လင်းမြို့အနောက်ဘက်သို့ ရေချိုးဆင်း လာသည့် ရဲတစ်ဦး စစ်ကောင်စီတပ်ဖွဲ့က ထောင်ထားသည့် မိုင်းကို နင်းမိကာ ခြေထောက်ဖြတ်လိုက် ရကြောင်း သိရသည်။

 

ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၈ နာရီခန့် ကလည်း ထီးလင်းမြို့ အရှေ့မြောက်ဘက်ရှိ မြို့စွန် နေရာများကို အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၃၀ ခန့်ဖြင့် မြေမြှုပ်မိုင်းများ ထောင်ထားခဲ့ ကြောင်း သိရသည်။

 

“မိုင်းတွေက မြို့ပတ်ပတ်လည်နီးပါးလောက်အထိတောင်ထားတာ၊ ပြည်သူတွေက မြို့ကို အဝင်အ ထွက်သိပ်မလုပ်ကြတော့ဘူး။ စခတွေပဲ ကင်းပြတ်တာလောက်ပဲရှိတော့တယ်။ ဒီနေ့ မိုင်းကတော့ Error တက်ပြီး သူ့ဘာသာသူပေါက်ကွဲတာပါ။ အဲလိုပေါက်ကွဲမှုက သုံးလေးကြိမ်လောက်ရှိပြီ။ ရဲ ၁ ယောက်ကတော့ ခြေထောက်အပိုင်းပိုင်းပြတ်သွားလို့ ထီးလင်းဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်။” ဟု ယောအလင်းတန်းမှ ကိုမင်းဒဿက ပြောကြားသည်။

 

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မေလခန့်မှစ၍ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ထီးလင်းမြို့ပတ်ပတ် လည်နေရာများကို မြေမြှုပ်မိုင်း အမြောက်အများထောင်ထားခဲ့ခြင်းဖြစ်ပြီး မိုင်းထောင်ခဲ့သည့် စစ် သား အချို့မှာ သေဆုံး၊ ထွက်ပြေးမှုများရှိသဖြင့် မည်သည့်နေရာတွင် မိုင်းထောင်ထားခဲ့သည်ကို သိရှိနိုင်ရန်အခက်အခဲရှိကြောင်း၊ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် မိုင်းသတိထားကာ သွားလာ ကြပါရန် ယောအလင်းတန်းက သတိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Yangon News

Yangon News

ရွှေပြည်သာမြို့မရဲစခန်းနှင့်‌ မြောက်ဥက္ကလာပမြို့နယ်ထွေအုပ်ရုံးရှိ စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု ရဲ ၂ ဦး ဒဏ်ရာရရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၁၉   ရန်ကုန်မြို့၊ ရွှေပြည်သာမြို့မရဲစခန်းနှင့် မြောက်ဥက္ကလာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမ တို့၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦ...