Magway News

Magway News

ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာနေ မိသားစုကို လာရောက်ခေါ်ဆောင်သည့် အကြမ်းဖက်စစ်တပ်မှ တပ်ကြပ်ကြီးတစ်ဦးကို အရှင်ဖမ်းမိ

 

D Day News

စက်တင်ဘာလ ၈

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာနေ မိသားစုကို လာရောက်ခေါ်ဆောင်သည့် အကြမ်း ဖက်စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း Royal Defence Force ထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၇ ရက် နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ခိုလန်မြို့အခြေ စိုက်တပ်ရင်းတွင် တာဝန်ကျနေသော အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦးသည် ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာရှိ မိသားစုကို လာရောက်ခေါ်ဆောင်စဉ် အင်ပင်ကျေးရွာအနီး အရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အသင့်စောင့်ကြိုဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

“အင်းပင်ရွာမှာက စကစ ကာကင်းစခန်းရှိတယ်။ သူက အင်ပင်စခန်းနဲ့ မနီးမဝေးလောက်ကနေ လာ စောင့်ခေါ်တာ၊ သတင်းကကြိုရလို့ စကစ ကာကင်းစခန်းရှိတဲ့ အင်ပင်ရွာနားအထိကပ်ပြီး စောင့်ဖမ်း ခဲ့တာ၊ သူက ရှမ်းပြည်ခိုလန်ဘက်မှာ တာဝန်ကျနေတာ။အသေးစိတ်တော့စစ်ဆေးနေတုန်းပဲ” ဟု Royal Defence Force မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းကို ကောင်းမွန်စွာထိန်းသိမ်းထားပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ထိုက်သင့်သည့် အပြစ်ပေးအရေးယူမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း Royal Defence Force မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်မှုထမ်းစစ်သားများအနေဖြင့် စောစီးစွာအလံဖြူထောင်လက်နက်ချရန် အာရက္ခတပ်တော် အသိပေး

စစ်မှုထမ်းစစ်သားများအနေဖြင့် စောစီးစွာအလံဖြူထောင်လက်နက်ချရန် အာရက္ခတပ်တော် အသိပေး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ စစ်မှုထမ်းစစ်သားများအနေဖြင့် စောစီးစွာအလံဖြူထောင် လက်နက်ချရန် အရက္ခတပ်တော် -AA အသိပေးလိုက်သည်။ စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေအောက်တွင် ပုံစံအမျိုးမျိုးဖြင့် အတင်းအဓမ္မ စစ်သား စု ဆောင်းထားခြင်း၊ စစ်သင်တန်းပေးခြင်းကိုခံခဲ့ရပြီးနောက် စစ်သင်တန်းဆင်းလာသော ရဲဘော်သစ် များအနေဖြင့် စောစီးစွာ အလံဖြူထောင်၊ လက်နက်ချအညံ့ခံလျှင် အသက်ချမ်းသာရာ...