Magway News

Magway News

ဆိပ်ဖြူမြို့နယ်၊ ထမ္မကောက်ရွာပျူစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပျူ ၂ ဦး သေဆုံး၊ ကပစ ၂၂ မှ ထွက်လာသည့် ကင်းလှည့်စစ်ကြောင်းကိုလည်း မိုင်းဆွဲတိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၈

 

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ထမ္မကောက်ကျေးရွာ ပျူစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပျူ ၂ ဦး သေဆုံးခဲ့ပြီး ကပစ ၂၂ မှ ထွက်လာသည့် ကင်းလှည့်စစ်ကြောင်းကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Black Eagle Drone Force ထံမှ ရသည်။

 

ဇန်နဝါရီလ ၂၆ ရက် ဆိပ်ဖြူမြို့နယ် ၊ ထမ္မကောက်ပျုရွာကို Fixed Wing ဒရုန်များဖြင့် နံနက် ၁၀ နာရီ ခန့်တွင် နှစ်ကြိမ်နှင့် မွန်းလွဲ ၂ နာရီခန့်တွင် နှစ်ကြိမ် စုစုပေါင်း ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက် စစ်ကောင်စီ စစ်သား ၂ ဦး သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်သားများက လက်နက်ကြီး၊ ဒရုန်းများဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်ရာ ပြည်သူ ၃ ဦး မစိုးရိမ်ရ ဒဏ်ရာများရရှိခဲပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ မှ ကင်းလှည့်ရန် ထွက်လာသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သော်လည်း ဒရုန်း တစ်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို Black Eagle Drone Force နှင့် ဗိုလ်မထားအဖွဲ့တို့ ပူးပေါင်းကာ လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း ဆုံးရှုံးခဲ့သည့် ဒရုန်းတစ်စိးအား ပြန်လည် ဝယ်ယူနိုင်ရန်အတွက် မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြပါ၇◌န် မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

တောင်သာမြို့နယ်တွင် ပျူစောထီးအချင်းချင်း နှိပ်စက်သတ်ဖြတ်ထားသည့် ရုပ်အလောင်းနှင့်အတူ သေနတ်တစ်လက် သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၂၀   မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် ပျူစောထီးအချင်းချင်း နှိပ်စက်သတ်ဖြတ်ထားသည့် ရုပ် အလောင်း တစ်လောင်းနှင့်အတူ သေနတ်တစ်လက်သိမ်းဆည်းရရှိခဲ့ကြောင်း‌‌ တောင်သာ-ပကဖ ထံမှ သိရသည်။   ယမန်နေ့ ဇွန်လ...