Magway News

Magway News

မြိုင်မြို့နယ်တွင် ရိက္ခာပို့ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးပြီး မိုင်းရှင်းသည့် ဘက်ဖိုးကား တစ်စီးကို သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၄

 

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ရိက္ခာပို့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး မိုင်းရှင်းသည့် ဘက်ဖိုးကားတစ်စီးကို သိမ်းဆည်းရရှိခဲ့ကြောင်း Ghost Of Enemies Revolution Force (G.O.E) တပ်ဖွဲ့ထံမှ သိရသည်။

 

ဇန်နဝါရီလ ၂၂ ရက်နေ့က မြိုင်မြို့မှ အင်အား ၁၅၀ ခန့်ဖြင့် စက်မှု ၂ ဘက်သို့ ထွက်လာသော အ ကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မြိုင် -စက်မှု ၂ လမ်းတလျှောက် မိုင်းအလုံးရေ ၅၀ ကျော်ထောင် ထားပြီး တောက်လျှောက်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ မိုင်းအလုံး ၃၀ ကျော်မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ပြီး စစ်သား ၃ ဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“သေတောကတော့ ၃ ဦးထက်ပိုနိုင်တယ်၊ အတည်ပြုနိုင်တာက ၃ ယောက်ပဲ အတည်ပြုရလို့ပါ၊ မြိုင်နဲ့စက်မှု ၂ ကြား လမ်းကြောင်းတလျှောက်လုံးမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ၊ မိုင်းအလုံးပေါင်းက ၅၀ ကျော်တယ်၊ အလုံးပေါင်း ၃၀ ကျော်ပဲ ဆွဲနိုင်ခဲ့တယ်၊ စခစစ်ကြောင်းက အင်အားကြီးတော့ မိုင်းတွေ အကုန်မဆွဲနိုင်ခဲ့ဘူး” ဟု Ghost Of Enemies Revolution Force (G.O.E) အဖွဲ့မှ တာဝန်ရှိသူ တစ် ဦးက ပြောကြားသည်။

 

မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် နေရာအား နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ် စစ်ကြောင်းထိုးရာ လမ်း ကြောင်းတလျှောက်ကို မိုင်းရှင်းလင်းရေးလုပ်ဆောင်သည့် JCB (ဝှီး) ဘက်ဖိုးကား တစ်စီး မိုင်းထိမှန် ပျက်စီးခဲ့ပြီး လမ်းပေါ်တွင် ကျန်ရစ်နေခဲ့သဖြင့် သိမ်းယူနိုင်ခဲ့ကြောင်း၊ ထို့အပြင် အကြမ်းဖက်စစ်သား များ ထောင်ထားသည့် နင်းမိုင်း ၁ လုံးကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

 

“မိုင်းရှင်းလင်းရေး ဘက်ဖိုးကားကိုတော့ ကျနော်တို့ နယ်မြေခံအဖွဲ့တွေ စစ်ကြောင်း ၂ ခုကြားကနေ လက်ခက်ခဲခဲကို ဝင်ယူပြီးသိမ်းခဲ့တာပါ၊ ဘီးပေါက်လျက်ကြီးအတိုင်း ခက်ခက်ခဲခဲသယ်ယူခဲ့ရတာပေါ့၊ စစ်ကြောင်းက လက်ရှိ မြိုင်မှာက ၁၅၀ လောက်ရှိတယ်၊ စက်မှု ၂ မှာလည်း ၁၅၀ လောက်ရှိနေတာ” ဟု Ghost Of Enemies Revolution Force (G.O.E) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

 

အဆိုပါတိုက်ခိုက်မှုနှင့် နယ်မြေရှင်းမှုကို မြိုင်မြို့နယ် ပ.က.ဖ လက်အောက်ခံအဖွဲ့များဖြစ်ကြသောGhost Of Enemies Revolution Force (G.O.E) အဖွဲ့နှင့်အတူ ကိုစတီးအဖွဲ့၊ ကိုကင်းအဖွဲ့ နှင့် ဓားမင်း ကြီးအဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ယင်းမာပင်မြို့နယ်၊ ပုသိမ်- မုံရွာလမ်းပိုင်းတွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၂၀   စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာမြို့နယ်အရှေ့ခြမ်း ပုသိမ် -မုံရွာလမ်းပိုင်းတွင် စစ်တပ် စစ် ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄...