Magway News

Magway News

ပခုက္ကူမြို့နယ်၊ မြောက်လူးကန်ရွာ တိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၁၇ ဦးသေဆုံး

 

D Day News

စက်တင်ဘာလ ၆

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူလေယာဉ်ကွင်းအနောက်ဘက်ရှိ မြောက်လူးကန်ကျေးရွာ တိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၁၇ ဦးသေဆုံးခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၅ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်က ပခုက္ကူမြို့နယ်၊ ပခုက္ကူ လေ ယာဉ်ကွင်း အနောက်ဘက် မြောက်လူးကန် ကျေးရွာ ဘုန်းကြီးကျောင်း၌ အင်အား ၁၀၀ ခန့်ဖြင့် အ ထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုနတ်မိကျောင်းစစ်ဆင်ရေး စခန်း သိမ်းတိုက်ပွဲအဖြစ် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“မနေ့က တိုက်ပွဲမှာက ၁၇ ဦးသေပါတယ်။ မျက်မြင်တိုက်ပွဲအတွင်းသေတာက ၉ ဦးရှိတယ်။ ဆေးရုံ ရောက်ပြီးမှ ထပ်သေတာရှိတယ်။ စခန်းသိန်းမစ်ရှင်ပြုလုပ်ခဲ့ပေမယ့် အခြေအနေတစ်ခုကြောင့် မ သိမ်း လိုက်နိုင်ခဲ့ဘူး။ ဒီထက်ပိုမိုတိုက်ခိုက်နိုင်ဖို့ ထောက်ပံ့ဝန်းရံပေးကြဖို့မေတ္တာရပ်ခံပါတယ်” ဟု Southern YSO PDF တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ပြောဆိုထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Southern YSO PDF ၊ ဒေါင်းညီနောင် ၊ Yesagyo Revolution Group -YRG ၊ ဒေါင်းသွေးနီ ၊ ပြည်သူ့အားမာန် King Cobra စသည့် မဟာမိတ်ညီနောင်များ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကန်ပက်လက်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု CDF ကန်ပက်လက်ရဲမေတစ်ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

ကန်ပက်လက်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု CDF ကန်ပက်လက်ရဲမေတစ်ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၄ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် ကျင်းပနေသော မင်္ဂလာဆောင်ပွဲတစ်ခုကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ CDF ကန်ပက်လက် ရဲမေတစ်ဦး အပါ အဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။ ယနေ့...