Magway News

Magway News

ထီးလင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ် အထိုင်စခန်းများကို ရော့ကတ်၊ ဒရုန်းများဖြင့် ဗုံးသီး ၁၀၀ ကျော် ကျဲချပစ်ခတ်တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးပျက်စီးမှုရှိ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၇

 

မကွေးတိုင်း၊ ထီးလင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ အထိုင်ချတပ်စွဲထားရာ နေရာများကို ရော့ကတ်၊ ဒရုန်းများဖြင့် ဗုံးသီး အလုံး ၁၀၀ ကျော် ကျဲချပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက် သေဆုံးကာ ပျက်စီးမှုများလည်းရှိကြောင်း ဗျူဟာ အမှတ် ၈၁ ယောဗျူဟာထံမှ သိရသည်။

 

ယမန်နေ့ ဇန်နဝါရီလ ၆ ရက် နံနက်ပိုင်းမှစတင်၍ နေ့လည်ပိုင်းအထိ ထီးလင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်သားများ တပ်စွဲထားရာ တောင်ရဲစခန်း ၊ လူပျိူဆောင်၊ စိုက်ပျိုးရေရုံး ၊ ထွေအုပ်ရုံး၊ ဘဏ်ရုံးနှင့် ရုပ်သံ ကုန်းနေရာ အသီးသီးတို့ကို ရော့ကတ်များအပါအဝင် ဒရုန်းဗုံးသီး၊ ၆၀ မမများ ဖြင့် ဗုံးသီး အလုံး ၁၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုများအတွင်း ပစ်မှတ်နေရာများကို ထိရောက်စွာ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင် စီ တပ်သား ထိခိုက်သေဆုံးမှု၊ အဆောက်အအုံ ထိခိုက်ပျက်စီးမှုမူကို စုံစမ်း စိစစ်နေဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဗျူဟာ – ၈၁ ၊ ထီးလင်းမြို့နယ်ခရိုင် တပ်ရင်း များ၊ ခရိုင်ပကဖ ၊ မြို့နယ် ပလဖ နှင့် ယောဧရာ (က.ပ.စ) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

အပစ်အခတ်ရပ်စဲထားသည်ကို အခွင့်ကောင်းယူကာ နောင်ချိုမြို့နယ်တွင် ကျေးရွာ ၃ ရွာကို စစ် ကြောင်း သိမ်းပိုက်လာမှုမကြောင့်တိုက်ပွဲဖြစ်၊ စစ်တပ်က ဓာတုအဆိပ်ငွေ့ဗုံး ၃၇ လုံးအပါအဝင် အများအပြား ဗုံးကြဲချ   သံလွင်မြန်မာသတင်း ဇွန်လ ၁၆   ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ တပ်မဟာ ၃ နယ်မြေ၊...