Magway News

Magway News

စလင်းမြို့နယ်တွင် လမ်းပိုင်းစစ်ဆေးနေသော စစ်သားများနှင့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၇

 

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် လမ်းပိုင်းစစ်ဆေးနေသော စစ်သားများနှင့် စစ်တပ် စစ်တပ်စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းထံမှ သိရသည်။

 

ဇန်နဝါရီလ ၅ ရက်နေ့က စလင်းမြို့အနီး လမ်းပိုင်း လုံခြုံရေး စစ်ဆေးနေသော စလင်း ပကဖ မှ တော်လှန်ရေး ရဲဘော်များကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီး၊ ဒရုန်းများ ဖြင့် ဗုံးကြဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရ သည်။

 

တိုက်ပွဲဖြစ်ရာနေရာသို့ အကြမ်းဖက်စစ်တပ်က အင်အား ၁၀၀ ခန့်ဖြင့် စစ်ကူရောက်ရှိလာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း၊ စလင်းမြို့နယ်အနီးအထိ တိုက် ပွဲအရှိန်မြင့်ကာ ဆင်နွှဲနေပြီဖြစ်သဖြင့် မိဘပြည်သူများမှ ဝိုင်းဝန်းကူညီပေးကြပါရန် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

ထို့အပြင် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် စလင်း-‌ဆင်ဖြူကျွန်း ကားလမ်းပိုင်းရှိ ခရီးသွားပြည်သူများကို စစ်ရေး လုံခြုံရေးအရ စစ်ဆေးမှုများ စနစ်တကျ လုပ်ဆောင်ခဲ့ကြောင်း၊ မိဘ ပြည်သူများအနေဖြင့်လည်း စလင်း ပကဖ မှ စစ်ရေး လုံခြုံ‌ရေးအရ အချိန်နှင့်တပြေးညီ ထုတ်ပြန် ကြေညာချက်များကို စောင့်ကြည့်လိုက်နာပေးရန် မေတ္တာရပ်ခံထားကြောင် သိရသည်။

 

အလားတူ စလင်းမြို့နယ်မှ ဇရပ်လှရွာကို ဦးတည်၍ အင်အား ၁၅၀ ဝန်းကျင်ဖြင့် စစ်ကြောင်း ၃ ခု ခွဲကာ ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း ဒရုန်းအဖွဲ့နှင့် မကွေးတိုင်း တိုင်းလက်ရုံးဒရုန်းအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာနှင့် ရေမောင်းတန်းကျေးရွာတို့ဘက်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို TNLA က ခုခံတိုက်ခိုက်   သံလွင်မြန်မာသတင်း ဇွန်လ ၁၇   ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည် ၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာနှင့်ရေမောင်းတန်းကျေး ရွာကိုဘက်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်း ခုခံတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက...