Magway News

Magway News

ချောက်မြို့နယ်၊ ကတောက်ချောင်းကျေးရွာသို့ ရောက်ရှိလာသော စစ်သား၊ ပျူစောထီးများကို တိုက်ခိုက်မှု စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုရှိ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂

 

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကတောက်ချောင်းကျေးရွာသို့ ရောက်ရှိလာသော အကြမ်းဖက်စစ်သား များကို လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစော ထီး များ ထိခိုက်သေဆုံးမှုရှိကြောင်း Chauk Guerrilla Force (C.G.F) ထံမှ သိရသည်။

 

ယမန်နေ့ ဇန်နဝါရီလ ၁ ရက် ညနေ ၅ နာရီ ၄၀ မိနစ်အချိန်က ချောက်မြို့နယ် ၊ကုန်းကြီးရွာ ပျူစော ထီးစခန်းမှ စစ်သား၊ ပျူစောထီး ၂၀ ခန့်သည် ကတောက်ချောင်းကျေးရွာ ဝင်ရောက်လာသဖြင့် ပြည် သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် ၆၀ မမ လက် နက်ကြီးဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ၆ဝ မမ လက်နက်ကြီး ဖြင့် တိုက်ခိုက်မှုအတွင်း ၃ လုံး အနက် ၁ လုံးမှာ အကြမ်းဖက် စစ်သား များရှိရာ နေရာ၌ ကျရောက် ပေါက်ကွဲခဲ့ပြီး ကျန် ၂ လုံးမှာ ချို့ယွင်းချက်ဖြစ်ကာ ပေါက်ကွဲခဲ့ခြင်းမရှိ ကြောင်း၊ အကြမ်းဖက်စစ်သား များ ထိခိုက်သေဆုံးမှုရှိပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။

“အင်အား ၁၅ ယောက် ၂၀ လောက်ပဲရှိမှာ၊ ကုန်းကြီးရွာဘက်ကနေ တက်လာတာ။ လက်နက်ငယ် အရင်တိုက်တယ်။ ပြီးမှ လက်နက်ကြီးနဲ့ ပစ်ခဲ့တာ။ ထိခိုက်သေဆုံးမှုရှိပေမယ့် အတိအကျ မသိရ သေးဘူး၊ လေးယောက်လောက်တော့ တွဲသွားတယ်လို့ သိရတယ်” ဟု Chauk Guerrilla Force (C.G.F) တာဝန်ခံ Ko Paing က ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Chauk Guerrilla Force C.G.F (ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့) ၊ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၊ မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၊ အာဠာဝက မြို့ပြ ပျောက်ကျားတပ်ဖွဲ့ နှင့် Kyaukpadaung Special Defense Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Shan State News

Shan State News

ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲကျေးရွာကို မီးရှို့ဖျက်ဆီးနေသော စစ်တပ်၊ PNO ပြည်သူ့စစ်များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု PNO တပ်ခွဲမှူး ဗိုလ်ကြီး နောင့်စိုင်း သေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၂၇   ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲကျေးရွာကို မီးရှို့ဖျက်ဆီးနေသော စစ်တပ်၊ PNO ပြည်သူ့...