Magway News

Magway News

တောင်တွင်းကြီးမြို့ပေါ်တွင် ကင်းပတ်နေသော စစ်သား၊ ပျူများ မိုင်းခွဲတိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁

 

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၊ အသောကဘုန်းကြီးကျောင်းအနီး ခိုင်ခိုင်ကျော် ဓာတ်ဆီဆိုင်နှင့် နန်းထိုက်စံဓာတ်ဆီဆိုင်ကြားတွင် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ဦး သေ ဆုံးခဲ့ကြောင်း ဗိဿနိုးပြည်သူ့ကာကွယ်ရေး တပ်မတော် – တပ်ရင်း ၃ – တောင်တွင်းကြီးတပ်ဖွဲ့ ထံမှ သိရသည်။

 

ဒီဇင်ဘာလ ၃၀ ရက် ည ၈ နာရီအချိန်က တောင်တွင်းကြီးမြို့နယ်၊ အသောကဘုန်းကြီးကျောင်း၏ မျက်နှာချင်းဆိုင် စပါးဒိုင်တစ်ခုတွင် အကြမ်းဖက်စစ်သား၊ ပျူစောထီးအဖွဲ့ဝင်မျာ လှုပ်ရှားနေကြောင်း သတင်းအရ ခိုင်ခိုင်ကျော်ဓာတ်ဆီဆိုင်နှင့် နန်းထိုက်စံဓာတ်ဆီဆိုင်အကြားတွင် ကြိုတင် အသင့် ပြင်ဆင်ထားသော အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၄ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း သေဆုံးထိခိုက်သော စစ်သား၊ ပျူစောထီးများထံမှ ထွက်ကျလာသည့် သွေး ကွက်များကို ထုံးများဖြင့် ဖုံးအုပ်ထားသည်ဟု ဆိုသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်တွင်းကြီးတပ်ရင်း နှင့် ပုဏ္ဏ ဝတီ အထူးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အတွင်း လုံခြုံရေး နှင့် တိုက်ပွဲဆောင်ရွက်မှုများကို ဆက်လက်အားဖြည့်သွားမည်ဖြစ်ကြောင်း အသိပေး ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Chin State News

Chin State News

တီးတိန်မြို့နယ်၊ မွှာလ်ပီးရွာ၌ တပ်စွဲထားသော စစ်တပ် ကာကင်းစခန်း ၃ ခုကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၅ ဦးကျော်သေဆုံးပြီး လက်နက်ခဲယမ်းများနှင့် အ တူ အရှင်ဖမ်းမိသူများလည်းရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၂၈   ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွှာလ်ပီးကျေးရွာ၌...