Magway News

Magway News

ပခုက္ကူမြို့နယ်၊ မြစ်ခြေ-ကမ္မလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၀ ဦးခန့်သေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၃၁

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေ-ကမ္မလမ်းပေါ်တွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်သား ၁၀ ဦးခန့်သေဆုံးခဲ့ကြောင်း မြိုင်ပကဖ ထံမှ သိရသည်။

 

ဒီဇင်ဘာလ ၂၉ ရက်နေ့က ပခုက္ကူမြို့နယ်၊ မြစ်ခြေ-ကမ္မလမ်းပေါ်တနေရာတွင် အင်အား ၁၅၀ ခန့်ပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အ လှန်ပစ်ခတ်တိုက်ပွဲ ၄၅ မိနစ်အခန့်အကြာ ဖြစ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကြောင်း ရှေ့ပြေးပွိုင့်နှင့် စတင်တိုက်ပွဲဖြစ်ခဲ့ရာ စစ်သား ၁၀ ဦးခန့် သေဆုံးပြီး နောက်မှတက်လာသော အကြမ်းဖက်စစ်သားများကိုလည်း ဆက်လက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၂၀ ခ န့်အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပကဖအမှတ် ၁ တပ်ရင်း ၊  မြိုင်ပကဖ ၊ ပေါက်ပကဖ ၊ ကမ္မတပ်ပါပေါင်းစုနှင့် ဧရာဒေါင်းတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးဘော် ၂ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ဇီးကုန်းမြို့အနီးတွင် စစ်သား ၆ ဦးပစ်ခတ်သတ်ခံရပြီးနောက် ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးနေ   သံလွင်မြန်မာသတင်း ဇွန်လ ၃၀   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့အနီးတွင် စစ်ကောင်စီတပ်သား ၆ ဦးပစ်ခတ်သတ်ခံရပြီး နောက် စစ်ကောင်စီတပ်က ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ထန်းကုန်းတိုက်နယ် ပကဖထံ မှ သိရသည်။...