Magway News

Magway News

ပခုက္ကူမြို့ထဲသို့ ပြန်လာသည့် စစ်သားများကို အနီကပ်ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၃၁

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့ထဲသို့ ဝင်လာသော အကြမ်းဖက်စစ်သားများကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိခဲ့ကြောင်း Young Force – UG တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့က ပခုက္ကူမြို့၊ စက်မှုဇုန်ဂိတ်မှု ဟိုက်ဂျက် အဖြူရောင် ကားဖြင့် မြို့ထဲသို့ ပြန်လာ အကြမ်းဖက် စစ်ကောင်စီတပ်သားများကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကား ပေါ် စစ်သား ၄ ဦးစလုံးသေဆုံးသွားပြီး MA3 အမျိုးအစားသေနတ် ၄ လက်၊ ကျည်ဘောက် ၈ ခု၊ ကျည် ၁၆၈ တောင့်နှင့် ဖုန်းတစ်လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြိုနယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ Young Force UG ၊ Pakokku People Defense Force နှင့် Pakokku Ranger တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တောင်ငူ -လိပ်သို လမ်းပိုင်းကို ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံး

တောင်ငူ -လိပ်သို လမ်းပိုင်းကို ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၅ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်နှင့် သံတောင်ကြီးမြို့နယ်သို့ ဆက်သွယ်ထားသော တောင်ငူ -လိပ်သို လမ်းပိုင်းသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း KNLA တပ်မဟာ ၂ ၊ တပ်ရင်း...