Magway News

Magway News

ကျောက်ထုမြို့အမြောက်တပ်အတွင်းရှိ တပ်မိသားစုဝင်အားလုံးကို ပြောင်းရွှေ့ပြီး စစ်အင်အား ၁၀၀ ခန့် ဖြည့်တင်းကာ ခုခံစစ်ပြင်ဆင်

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၉

 

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့အမြောက်တပ်အတွင်းရှိ တပ်မိသားစုဝင်အားလုံးကို ပြောင်းရွှေ့ပြီး အင်အား ၁၀၀ ခန့် ဖြည့်တင်းကာ ခုခံစစ်ပြင်ဆင်လျက်ရှိကြောင်း ယော အလင်း တန်းထဲမှ သိရသည်။

 

ဒီဇင်ဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ အချိန်က ဆောမြို့နယ်၊ကျောက်ထုမြို့ရှိ လေ ယာဥ် ကွင်းအတွင်းသို့ MIG 29 ဂျက်ဖိုက်တာ ၂ စီးဖြင့် ကင်းပတ်ပစ်ခတ်တိုက်ခိုက်ကာ MI 17 ထောက်ပို့ ရဟတ်ယာဥ် ၂ စီးဖြင့် ၂ ကြိမ်စီ ဆင်းသက်ခဲ့ကြောင်း၊ ထိုသို့ထောက်ပို့လေယာဉ်များ ဆင်း သက်ပြီး ကျောက်ထုအမြောက်တပ် ၃၆၈ တပ်အတွင်းသို့ စစ်ကောက်စီတပ်သား အင်အား ၁၀၀ ခန့် နှင့် အတူ လက်နက်ခဲယမ်းများဖြည့်တင်းခဲ့ကြောင်း သိရသည်။

“အဓိကတော့ လက်နက်ချအလင်းဝင်မယ့် စစ်သားတွေကို အလင်းမဝင်နိုင်အောင် မိသားစုတွေနဲ့ ထိန်းချုပ်ချင်တဲ့သဘောရှိတယ်။ အလင်းဝင်တာတွေကလည်း ခဏခဏရှိနေတော့။ ကပစ ၂၁ ကနေ ပခုက္ကူတပ်မ ၁၀၁ အထိ ပို့မယ်လို့ ကြားတယ်။ ကျောက်ထုတပ်ကို ဝင်တိုက်မယ်ဆိုတာတော့ သ တင်းကတော့ သိပ်မကြားမိဘူး။ ခံစစ်ပြင်တယ်လို့လည်းပြောလို့ရသလို အလင်းဝင်မယ့်စစ်သား တွေ ကို မိသားစုဝင်တွေနဲ့ ထိန်းချုပ်ချင်တဲ့သဘောကြောင့် ပြောင်းရွေ့တာလို့ မြင်ပါတယ်” ဟု ယော အလင်းတန်းမှ ကိုမင်းဒဿက က ပြောကြားသည်။

 

ထို့အပြင် ယင်း Mi 17 ထောက်ပို့ရဟတ်ယာဥ်များဖြင့်ပင် ကျောက်ထုအမြောက်တပ်ထဲရှိ စစ်သား များ၏ မိသားစုဝင်များအားလုံးကို တင်ဆောင်သွားပြီး မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ကပစ ၂၁ သို့ ခေါ်ဆောင်သွားကြောင်း၊ ၎င်းမိသားစုဝင်များကို ဆိပ်ဖြူကပစ ၂၁ က တဆင့် ပခုက္ကူမြို့ အခြေစိုက် စစ်ကောင်စီတပ်ရင်းများကို ပြန်လည်ပို့ဆောင်နေရာပြောင်းရွေ့ပေးရန် စီစဥ်ထားကြောင်း သိရ သည်။

 

ဒီဇင်ဘာလ ၂၇ ရက်နေ့က ကျောက်ထုလေယာဉ်ကွင်းသို့ ဆင်းသက်ခဲ့သည့် Mi 17 ထောက်ပို့ ရဟတ်ယာဥ် ၂ စီးသည် ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၁ မှ ပျံတက်လာခြင်းဖြစ်ပြီး တင်ဆောင်လာသော စစ်သားများမှာ လည်း ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၁ မှ တပ်သားမျးဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲနေသော စစ်သားများကို တိုက်ခိုက်၊ ဘုန်းကြီးကျောင်းရေစက်ချအလှူပြုလုပ်နေစဉ် ဘုန်ကြီးကျောင်းသား ၄ ဦး ပေါ်တာဆွဲခံရ

ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲနေသော စစ်သားများကို တိုက်ခိုက်၊ ဘုန်းကြီးကျောင်းရေစက်ချအလှူပြုလုပ်နေစဉ် ဘုန်ကြီးကျောင်းသား ၄ ဦး ပေါ်တာဆွဲခံရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၅ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာတောင်ဘက်၌ ပေါ်တာဆွဲ ဖမ်းဆီးနေသော စစ် သားများကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မကွေးတိုင်း၊ ပကဖက ထုတ်ပြန်သည်။ စက်တင်ဘာလ ၁၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်က ရေနံချောင်းမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာ...