Magway News

Magway News

ရေစကြိုမြို့မရဲစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၅ ဦး အပြင်းအထန်ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၈

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေစကြိုမြို့မရဲစခန်းမှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ် ဖွဲ့ဝင်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးအပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကယ်ရေးအဖွဲ့ – ရေစကြို ပကဖ ထံမှ သိရသည်။

 

ယနေ့ ဒီဇင်ဘာလ ၂၈ ရက် နံနက် ၉ နာရီခန့်က ရေစကြိုမြို့ပေါ်ရှိ မြို့မရဲစခန်းမှ လမ်းကင်းယူရန် ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့်ကို ပြည်သူ့ကာကွယ်ရေးရဲဘော်များမှ ရေစကြိုမြို့ အထွက် ဘက်စုံခြံနားအရောက် အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျနော်တို့နဲ့ ထိတွေ့မှုဖြစ်ပြီးတော့ ရေစကြိုမြို့မစခန်းထဲကို ပြန်ဆုတ်သွားတာ၊ ဒဏ်ရာရတဲ့သူတွေ‌ တော့ သေတယ်လို့ မကြားမိသေးဘူး။ ဒါပေမယ့် ကျနော်တို့စုံစမ်းရသလာက်ကတော့ သေနိုင်‌ လောက်တဲ့ ဒဏ်ရာရသွားတယ်လို့ ကြားတယ်။ အခုလောလောဆယ်တော့ ရေစကြိုဆေးရုံမှာ တင် ထားတာ။ ပစ်ကူပေးတာ သူတို့နဲ့မလှမ်းမကမ်းမှာ အဖွဲ့တစ်ဖွဲ့ရှိတယ်။ နောက်ပြီးတော့ ရေစကြိုမြို့မ စခန်းနဲ့လည်းမဝေးဘူးပေါ့။ နှစ်ဖက်ညှပ်ပြီးတော့ ပစ်ကူပေးနေတော့ ကျနော်တို့ လက်နက်မကောက် နိုင်ပဲနဲ့ ပြန်ဆုတ်ခဲ့ရတာ” ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကယ်ရေးအဖွဲ့ – ရေစကြို ပကဖ မှ တာဝန် ရှိ သူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ် (ပ.က.ဖ) နှင့်အတူ ပခုက္ကူခရိုင် တပ်ရင်းအမှတ် ၉ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မင်းလှမြို့မရဲစခန်းမှ ဆိုင်ကယ်ဖြင့် ကင်းလှည့်ထွက်လာသော ရဲများကို မိုင်းဆွဲတိုက်ခိုက်

မင်းလှမြို့မရဲစခန်းမှ ဆိုင်ကယ်ဖြင့် ကင်းလှည့်ထွက်လာသော ရဲများကို မိုင်းဆွဲတိုက်ခိုက်

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၄ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြိုနယ်၊ မြိုမရဲစခန်းမှ ကင်းလှည့်ရန် ထွက်ခွာလာသည့် ရဲများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။ ယမန်နေ့ စက်တင်ဘာလ ၁၃ ရက် ည ၈ နာရီ ၅၀...