Magway News

Magway News

ထီးလင်းမြို့မရဲစခန်းမှ ရဲတပ်သား တစ်ဦး မိသားစုပေါ် ခေါ်ဆောင်ပြီး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၂၅

 

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ထီးလင်းမြို့မရဲစခန်း ရဲတပ်သား ၁ ဦးသည် မိသားစုများ ကိုပါ ခေါ်ဆောင်ပြီး လက်နက်ခဲယမ်း များနှင့်အတူ အလင်းဝင်ခဲ့ကြောင်း အမှတ် ၈၁ ယောဗျူဟာ ထံမှ သိရသည်။

 

ဒီဇင်ဘာလ ၂၂ ရက်နေ့က ထီးလင်းမြို့မရဲစခန်းမှ ရဲတသ ထန်းဖေသည် G3 အမျိုးအစားသေနတ် ၁ လက်၊ G3 ကျည်ဘောက် ၂ ဘောက်၊ ၇ ဒသမ ၆၂ ကျည် ၁၄၉ တောင့်နှင့်အတူ မိသားစုဝင်များကိုပါ ခေါ်ဆောင်ပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင်ရောက်ခဲ့သည့် ရဲတသကို ဗျူဟာ အမှတ် – ၈၁ (ယောဗျူဟာ) နှင့် အမှတ် ၁ စစ်ဒေသ ၊ ဂန့်ဂေါခရိုင်အမှတ် ၂ တပ်ရင်း ၊ အမှတ် ၄ တပ်ရင်းနှင့် အမှတ် ၁၀ တပ်ရင်းတို့ ကြိုဆိုကာ သွား ရောက် ခေါ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဂုဏ်ပြုဆုငွေကျပ် သိန်း ၅၀ ချီးမြှင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်က စကစ မှ CDM ပြုလုပ်မည်ဆိုပါက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များ၏ သတ်ဖြတ်ခြင်းခံရမည်ဟု ဝါဒမှိုင်းတိုက်ခံထားရသော စစ်ကောင်စီတပ်သားများ အနေဖြင့် စစ်ကောင်စီဝါဒမှိုင်းတိုက်ခြင်းကို မယုံကြည်ပဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ယုံယုံကြည် ကြည်ဖြင့် အလင်းဝင်ရောက်ကြရန်၊ ထိုသို့ အလင်းဝင်ရောက်လာသူများကို နွေးထွေးစွာကြိုဆို နေမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရ

ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၂ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအပါအဝင် ကလေး ငယ် ၁၈ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် -AA က သတင်းထုတ်ပြန် သည်။ ယနေ့ စက်တင်ဘာလ...