Magway News

Magway News

ပေါက်မြို့နယ်၊ ဒီးတုတ်ကွင်းပျူရွာအတွင်းထိဝင်ရောက်ကာ မိုင်းထောင်၊ ပစ်ခတ်တိုက်ခိုက်မှု စစ် သား၊ ပျူ ၁၅ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၈

 

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဒီးတုတ်ကွင်း ကျေးရွာရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို တိုက် မိုင်း၊ နင်းမိုင်းနှင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူ ၁၅ ဦး ထက် မနည်းသေဆုံးခဲ့ကြောင်း ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဆိုးထံက သိရသည်။

 

ဒီဇင်ဘာလ ၈ ရက်နေ့နှင့် ဒီဇင်ဘာလ ၁၄ ရက်နေ့တို့တွင် ပေါက်မြို့နယ်၊ ဒီးတုတ်ကွင်းပျူစောထီး ကျေးရွာအတွင်း ဝင်ရောက်ပြီး ပစ်ခတ်တိုက်ခိုက်ခြင်း၊ ကျေးရွာအတွင်းနှင့် အနီးတဝိုက်တွင် တိုက် မိုင်း၊ နင်းမိုင်းဝင်ထောင်ကာ တိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ခဲ့ရာ ဒီတုတ်ကွင်းကျေးရွာ ပျူစောထီး ခေါင်းဆောင် စိုးကြီး (ခ) စိုးမြင့်ဦးအပါအဝင် ၁၅ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“၈ နေ့ကစပြီး ၉ ရက် ၁၀ ရက်နေ့အထိ ဝင်ထောင်ထားတဲ့ တိုက်မိုင်းတွေမိတာ ၈ ယောက်သေ တယ်။ ၁၄ ရက်နေ့ မနက်ခင်းမှာ ဒီးတုတ်ကွင်းပျူကျေးရွာထဲအထိ ဝင်ရောက်ပစ်ခတ်ခဲ့တယ်။ နေ့ လည်ခင်းမှာလည်း မိုင်းတစ်လုံးထပ်မိတယ်။ ညနေ ၆ နာရီခွဲ ၇ နာရီပတ်ဝန်းကျင်မှာလည်း မိုင်းထပ် မိတယ်၊ အဲဒီနေ့မှာ ၆ ယောက်သေတယ်။ အလောင်းကောက်မရတာလည်း ၅ ယောက်လောက်ရှိ တယ်။ စုစုပေါင်းသေတာ ၁၅ ယောက်ပါ။” ဟု ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဆိုးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဆိုးနှင့် ပေါက်တောင်ပိုင်း ပကဖ ဗိုလ်နားပေါက်အဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magawy News

Magawy News

ငဖဲမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး လက်နက် ၁ လက်နှင့် ခဲ ယမ်း အချို့ သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း ဇွန် ၇   မကွေးတိုင်း ၊ ငဖဲမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး...