Magway News

Magway News

ပခုက္ကူမြို့ပေါ်မှာ အိမ်စီးကားဖြင့် ကင်းလှည့်နေသော စစ်သားတွေကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၇

 

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်မှာ အိမ်စီးကားနဲ့ကင်းလှည့်နေတဲ့ စစ်သားတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးတယ်လို့ ရွှေညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

 

ဒီဇင်ဘာလ ၁၅ ရက် ည ၇ နာရီခွဲဝန်းကျင်က ပခုက္ကူမြို့ပေါ်မှာ အိမ်စီးကား Mark2 အမျိုးအစားနဲ့ ကင်းလှည့်နေတဲ့ စစ်သား ၅ ဦးကို သီတာလမ်းနဲ့ မြို့ရှောင်လမ်းအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီပစ်ခတ်တိုက်ခိုက်မှုအတွင်း ကားပေါ်ပါ စစ်သား ၄ ဦးသေဆုံးကာ ၁ ဦးအပြင်းအထန်ဒဏ်ရာရရှိ သွားတယ်လို့ ဆိုပါတယ်။

 

အဲဒီအကြမ်းဖက်စစ်သားတွေဟာ တပ်မ ၁၀၁ က စစ်သားတွေဖြစ်ပြီးတော့ ပခုက္ကူမြို့ရှောင်လမ်းအ တိုင်း အရှေ့ဘက်ကနေ သီတာလမ်းဂိတ်ဘက်ကို မောင်းနှင်လာတာဖြစ်တယ်လို့ သိရပါတယ်။

 

ပစ်ခတ်တိုက်ခိုက်မှုအပြီး ခဏအကြာမှာ အကြမ်းဖက်စစ်တပ် ကားကို ကရိန်းနဲ့လာရောက်ဆွဲယူ သွားသလို ပတ်ဝန်းကျင်ကိုလည်း ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်သွားသွာတယ်လို့ ဆိုပါ တယ်။

 

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မြိုင်ပကဖ တပ်ရင်း ၃ တပ်ခွဲ ၄ နဲ့ Shwe Nyar Myae PDF တပ်ဖွဲ့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့်ဖယ်ခုံမြို့နယ်တို့တွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဘက်မှ အရာရှိများအပါအဝင် စစ်သားအများအပြားသေဆုံး၊ စစ်တပ်စစ်ကြောင်းမှ စစ်သား ၃ ဦး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်

လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့်ဖယ်ခုံမြို့နယ်တို့တွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဘက်မှ အရာရှိများအပါအဝင် စစ်သားအများအပြားသေဆုံး၊ စစ်တပ်စစ်ကြောင်းမှ စစ်သား ၃ ဦး လက်နက် ခဲယမ်းများနှင့်အတူ အလင်းဝင်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ ကရင်နီပြည်နယ် ၊လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆို မြို့နယ်များတွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေပြီး စစ် တပ်က အရာရှိအပါအဝင် စစ်သားအများအပြားသေဆုံးကာ ယင်းစစ်တပ် စစ်ကြောင်းများမှ စစ်သား ၃ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း KNDF ဗဟို...