Magway News

Magway News

ရေစကြိုမြို့နယ်၊ မင်းရွာ ပျူစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး စစ်တပ် ဟောင်ဝှစ်ဇာ၊ တိုက်လေယာဉ်များဖြင့် ပစ်ကူပေးခဲ့

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၁၂

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ မင်းရွာ ပျူစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူများထိခိုက်သေဆုံးမှုရှိပြီး စစ်တပ်က ဟောင်ဝှစ်ဇာ၊ တိုက်လေယာဉ်တွေနဲ့ပစ်ကူပေး တိုက်ခိုက်ခဲ့တယ်လို့ ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

 

ဒီဇင်ဘာလ ၇ ရက် မနက် ၄ နာရီက ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသအတွင်းရှိ စစ်ကောင်စီ တပ် အထိုင်ချ တပ်စွဲထားတဲ့ မင်းရွာပျူရွာကို ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ ခရိုင်တပ်ရင်းတွေ ပူးပေါင်းကာ မြေပြင်စစ်ကြောင်း ၃ ကြောင်း၊ Drone တွေနဲ့ စခန်း သိမ်းတိုက်ပွဲအဖြစ် ဆင်နွှဲခဲ့တာပါ။

 

အဲဒီတိုက်ပွဲဟာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၄ နာရီကျော်ကြာမြင့်ခဲ့ကာ ရေစကြိုမြို့ စစ်ကောင်စီ အထိုင်တပ်စခန်းကနေ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ အကြိမ်ပေါင်းများစွာ ပစ်ကူပေးသလို တံတား ဦးကနေ တက်လာတဲ့ တိုက်လေယာဉ်တစ်စီးနဲ့လည်း ၄ ကြိမ်တိတိ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တယ် လို့ သိရပါတယ်။

တိုက်ပွဲချိန် ကြာမြင့်လာလာလို့ လက်နက်ခဲယမ်းကျည်လျော့နည်းလာသလို စစ်ကောင်စီတပ်ရဲ့ မြေ ပြင်၊ ဝေဟင်ပစ်ကူပေး တိုက်ခိုက်မှုတွေ ပြင်းထန်လာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တွေ ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့ ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

 

တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ရွာခြံစည်းရိုးမှာ ထောင်ထားတဲ့ နင်းမိုင်းမိကာ ရဲဘော်တစ်ဦး ခြေထောက်နှစ်ဖက် ဆုံးရှုံးခဲ့ရပါတယ်။

 

အဲဒီစစ်ဆင်ရေးကို ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ MGN (Mandalay Regional Battalion) ၊ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ (M.C.R.F) ၊ MGN Tiger – မြင်းခြံခရိုင်တပ်ရင်း ၂ ၊ တပ်ခွဲ ၂ ၊ MGN Ranger – မြင်းခြံခရိုင်တပ်ရင်း ၂ ၊ တပ်ခွဲ ၃ ၊ မြင်းခြံခရိုင်တပ်ရင်း ၃ ၊ Myingyan 35၊ ဒေါင်းညီနောင် ၊ Wolf Brothers PDF ၊ နွေဦးစစ်သည် ၊ မြင်းခြံခရိုင် Drone Team ၊ YLK ပျောက်ကြားတပ်ဖွဲ့ နဲ့ MY PDF တပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပခုက္ကူတပ်မ ၁၀၁ မှ မြိုင်နှင့်ပေါက်မြို့နယ်တို့အတွင်းသို့ ထွက်လာသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃၀၀ ကျော်သေဆုံး၊ အလင်းဝင် စစ်သား ၁၀၀ ကျော်က စစ်ကောင်စီကို ပြန်တိုက်မည်

ပခုက္ကူတပ်မ ၁၀၁ မှ မြိုင်နှင့်ပေါက်မြို့နယ်တို့အတွင်းသို့ ထွက်လာသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃၀၀ ကျော်သေဆုံး၊ အလင်းဝင် စစ်သား ၁၀၀ ကျော်က စစ်ကောင်စီကို ပြန်တိုက်မည်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၆ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်အတွင်း ချီတက်နေသော စစ်တပ်စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀၀ ခန့်သေဆုံးပြီး အလင်းဝင် စစ်သား ၁၀၀ ကျော် က စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မြိုင်ပကဖ က ထုတ်ပြန်သည်။ မေလ...