Magway News

Magway News

ကျောက်ထုမြို့အမြောက်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၁၀ နှစ် အရွယ် မိန်းကလေး ၃ ဦးဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၆

 

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့အမြောက်တပ်ကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့လို့ မိန်းကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ယောအလင်းတန်းထံက နေသိရပါတယ်။

 

ဒီနေ့ (ဒီဇင်ဘာလ ၆ ရက်) မနက် ၈ နာရီ ၃၀ မိနစ်အချိန်က ကျောက်ထုမြို့အမြောက်တပ်ကနေ ပစ်ခတ် လိုက်တဲ့ ၁၂၀ မမ လက်နက်ကြီးတစ်လုံးဟာ ကျောက်ထုမြို့မြောက်ဘက်မှာရှိတဲ့ တေးရွာ အတွင်းကို ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၁၀ နှစ်အရွယ် မိန်းကလေး ၃ ဦး ထိခိုက်ဒဏ် ရာ ရှိခဲ့တာဖြစ်ပါတယ်။

 

ထိခိုက် ဒဏ်ရာရရှိတဲ့ ကလေးငယ်တွေဟာ ကျောင်းတက်နေသူတွေဖြစ်ပြီး အချိန်မီဆေးဝါကုသမှု ပေးနိုင်ခဲ့လို့ စိုးရိမ်စရာမရှိတော့ဘူးလို့ သိရပါတယ်။

“မနက် ၅ နာရီလောက်ကတည်းက ပစ်နေတာ၊ မနက် ၈ နာရီခွဲလောက်အထိပဲ၊ လက်နက်ကြီးတွေ က ရွာအနီးအနားပတ်ဝန်းကျင်တောတောင်တွေထဲကျတယ်။ ရွာထဲတော့ တစ်လုံးပဲ လာကျတာ၊ အဲဒီတစ်လုံးက ပဲ ကလေး ၃ ယောက်နဲ့ နွားတစ်ကောင်ထိတာ၊ စိုးရိမ်စရာတော့မရှိတော့ပါဘူး။ ကလေးတွေက ၃ တန်း၊ ၄ တန်းတက်နေကြတဲ့ကလေးတွေပါ။” ဟု ဒေသနေပြည်သူတစ်ဦးက ရှင်းပြပါတယ်။

 

အကြမ်းဖက်စစ်တပ်က ပစ်ခတ်ခဲ့တဲ့ ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာ ကြောင့် ပြည်သူပိုင် ခိုင်းနွားတစ်ကောင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ်အချို့လည်း ထိခိုက် ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ်တွင် ငလျင်ဒဏ်သင့်အဆောက်အအုံဖြိုချရာက အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရ   သံလွင်မြန်မာသတင်း မေလ ၃၀   မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ၂၆ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ ငလျင်ဒဏ်သင့် အ ဆောက်အအုံတစ်လုံးကို ဖြိုချရာက အမျိုးသား...