Magway News

Magway News

ပခုက္ကူ လေဆိပ်ရှိ စစ်တပ်စခန်းကို ရော့ကတ်လက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံးမှုရှိ

 

သံလွင်မြန်မာသတင်း

ဒီဇင်ဘာလ ၆

 

ပခုက္ကူမြို့နယ်၊ ပခုက္ကူလေဆိပ်ရှိအကြမ်းဖက်စစ်တပ်အထိုင်စခန်းကို ရော့ကတ်လက်နက်ကြီး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Shwe Nyar Myae PDF တပ်ဖွဲ့ထံမှ သိရသည်။

 

နိုဝင်ဘာလ ၂၈ ရက်နေ့က ပခုက္ကူမြို့နယ်၊ ပခုက္ကူလေဆိပ်ရှိ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို Rocket လက်နက်ကြီးဖြင့် အလုံး ၃၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ် စခန်းအနီး ကျရောက်ပေါက်ကွဲပြီး အကြမ်းဖက်စစ်တပ်က လက်နက်ကြီး ၅ လုံးအပြင် လက်နက် ငယ်များဖြင့်ပါ ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၂၃ ရက်နေ့တွင်လည်း ယင်းအကြမ်းဖက်စစ်တပ်စခန်းကို Rocket ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်အတွင်း ကျရောက်ပေါက်ကွဲမှုရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု ၂ ကြိမ်အတွင်း အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုများကို Shwe Nyar Myae PDF တပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်း လုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

မင်းတုန်းမြို့နယ်တွင် ပြည်သူပိုင်ပစ္စည်းများကို ခိုးယူစားသောက်နေသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရင်း PDF ရဲဘော် တစ်ဦး ကျဆုံး   သံလွင်မြန်မာသတင်း မေလ ၃၀   မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် ပြည်သူပိုင်ပစ္စည်းများကို ခိုးယူစားသောက်နေသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရင်း PDF ရဲဘော် လှိုင်ဘွား...