Magway News

Magway News

ထီးလင်းမြို့အရှေ့ဘက် ၁ မိုင်ခန့်အကွာ၌ တိုက်ပွဲဖြစ်ပြီး စစ်တပ်က ဗိုလ် ၁ ဦးအပါအဝင် ၅ ဦး ထက်မနည်းသေဆုံးကာ ၁ ဦးအရှင်ဖမ်းမိ

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၂၉

 

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့အရှေ့ဘက် ၁ မိုင်ခန့်အကွာနေရာ၌ တိုက်ပွဲဖြစ်ပြီး အကြမ်း ဖက်စစ်ကောင်စီတပ်က ဗိုလ် ၁ ဦး အပါအဝင် ၅ ဦးထက်မနည်းသေဆုံးကာ ၁ ဦး အရှင် ဖမ်းမိထား ကြောင်း ယောအလင်းတန်းထံမှ သိရသည်။

 

ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက် နံနက် ၁ နာရီခန့်က ထီးလင်းမြို့၊ ရွှေထီးခန်းမ မှ ဗိုလ်ရဲမာန်ဦးဆောင် သော အင်အား ၇၀ ခန့်ပါ အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် ထီးလင်းမြို့အရှေ့ဘက်သို့ ထီးလင်း – ကျင်း -ပခုက္ကူလမ်းမအတိုင်း အရှေ့ဘက်သို့ ထွက်လာစဉ် ၁ မိုင်ခန့်အကွာအရောက် ဒေသကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က အသင့်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ခဲ့ပြီး ဗိုလ် ၁ ဦးအပါအဝင်အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင်အကြမ်းဖက်စစ်သား ၁ ဦးကိုလည်းအရှင်ဖမ်းမိထားကြောင်း သိရ သည်။

ထိုသို့ အထိနာသောအကြမ်းဖက်စစ်တပ်က လေကြောင်းပစ်ကူခေါ်၍ တိုက်ခိုက်ခဲ့ရာ မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ Mi 35 ရဟတ် ယာဉ်တစ်စီးဖြင့် ပစ်ကူပေးတိုက် ခိုက်ကာ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း၊ မွန်းလွဲ ၁ နာရီခန့်တွင် ထီး လင်းမြို့ရွှေထီးခန်းမသို့ ပြန် လည်ဝင်ရောက်သွားကြောင်း သိရသည်။

 

“ကြိုတင်သတင်းရလို့ တော်လှန်ရေးတပ်ဖွဲ့တွေက စောင့်ပစ်တာ၊ ဖြစ်တဲ့နေရာက တောထဲမှာ ဆိုတော့ ပြည်သူတွေမရှိဘူး။ ထီးလင်းမြို့ကနေထွက်ပြီး ၁ မိုင်လောက်ပဲရောက်သေးတယ် တိုက် ခိုက်ခံရတာ၊ မနက်ကတည်းကဖြစ်တဲ့တိုက်ပွဲ နေ့လည် ၁၁ နာရီကျော်အထိကြာတယ်။ သေတဲ့အထဲ မှာ ဗိုလ်ညောင်ဦးဆိုတာပါတယ်။ ကျနော်တို့နာမည်ပြောင်ခေါ်ကြတာ၊ နာမည်အရင်းတော့မသိရ သေးဘူး။ ထီးလင်းခန်းမမှာက ဗိုလ် ၄ ယောက်ရှိတာ၊” ဟု ယောအလင်းတန်းမှ ကိုမင်းဒဿက ပြောကြားသည်။

 

သေဆုံံးသွားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများတွင် ထီးလင်းမြို့မရဲစခန်း၌ တာဝန်ကျနေ သော အထူးရဲများနှင့် မီးသတ်ကုန်းတွင်တာဝန်ကျနေသော စစ်သားများပါဝင်ပြီး တိုက်ပွဲအတွင်းသေ ဆုံးသွားသောအကြမ်းဖက်စစ်သား၊ ရဲများ၏အလောင်းကို စွန့်ပစ်ထားခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တောင်ငူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် -တပခကို ရှော့ တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

တောင်ငူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် -တပခကို ရှော့ တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၇ ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက်၊ အကြမ်းဖက်စစ်ကောင်စီ၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် -တပခ ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar – BWM က ထုတ်ပြန်သည်။ ယမန်နေ့ ဩဂုတ်လ ၂၆ ရက် နံနက်...