Magway News

Magway News

ရေစကြိုမြို့နယ်၊ သဲတောရွာကို စစ်တပ်က လေကြောင်း၊ ကုန်းကြောင်းနဲ့ တပြိုင်တည်း တိုက်ခိုက်မှု ကြောင့် နေအိမ်အဆောက်အုံ ၃၀ ခန့်ပျက်စီး ၊ စစ်တပ်က ပြည်သူ ၁ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်

 

သံလွင်မြန်မာသတင်း

နိုဝင်ဘာလ ၂၆

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်း၊ ကြည်း ကြောင်း တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် ပြည်သူ့နေအိမ် အဆောက်အအုံ ၃၀ ခန့် ပျက်စီးပြီး ပြည်သူ ၁ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ ထံက သိရပါတယ်။

 

နိုဝင်ဘာလ ၂၁ ရက် မနက် ၅ နာရီက ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ – YSO စခန်းနဲ့ သဲတောရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ၊ ပေါင် ၃၀၀ ဗုံးသီးတွေ ကျဲချတိုက် ခိုက်ပြီးနောက် မြေပြင်ကနေ အင်အား ၁၅၀ ကျော်နဲ့ ဒေါင်းသွေးနီတပ်ဖွဲ့ စခန်းကို တောင်ဘက် ၊ မြောက်ဘက် စစ်ကြောင်း၂ ကြောင်းခွဲကာ ပိတ်ဆိုစီးနင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုစီးနင်းတိုက်ခိုက်ချိန် ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့က ထောင်ထားတဲ့ တိုက်မိုင်းမိသေဆုံးမှု မရှိပေမယ့် အတိအကျ မသိရဘူးလို့ ဆိုပါတယ်။

 

စစ်တပ် စစ်ကြောင်းရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြားကနေ ရဲဘော်တွေဖောက်ထွက်နိုင်ခဲ့ပေမယ့် စခန်း အဆောက်အအုံ ၄ လုံး ၊ စားနပ်ရိက္ခာ ၊ မိုင်းနဲ့ ဆက်စပ်ပစ္စည်းတွေ၊ ရဲဘော်တွေရဲ့ အသုံးဆောင် တွေ၊ ဆိုင်ကယ်၊ ဆိုလာဘက်ထရီအိုးတွေ ဆုံးရှုံးခဲ့တယ်လို့ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့က ပြောပါ တယ်။

 

အဲဒီ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ  သဲတောရွာကနေ စစ်ရှောင်ထွက်လာတဲ့ မိသားစုတွေကို လိုက်လံ ပစ်ခတ်တိုက်ခိုက်ခဲ့အတွက် ပြည်သူ ၂ ဦး ပေါင်၊ လက်တွေမှာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သ လို့ ကိုကျော်လင်းဆိုသူကိုလည်း ဖမ်းဆီးသတ်ဖြတ်ပြီး ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့စခန်းရဲ့ မီတာ ၅၀၀ ခန့်အကွာမှာရှိတဲ့ လမ်းဘေး သရက်ခြံထဲမှာ မြေမြှုပ်ထားခဲ့တယ်လို့ ဒေါင်းသွေးနီပြောက် ကျားတပ်ဖွဲ့က ဆက်လက်ပြောဆိုထားပါတယ်။

 

အကြမ်းဖက်စစ်သားတွေဟာ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ သဲတောရွာ၊ ဇီးတောရွာ၊ ကျောက်ထပ် ရွာတွေမှာ အထိုင်ချတပ်စွဲပြီး ဂွေးချိုပျူရွာနဲ့ ကျောက်လှေကားဂိတ်ကို ဆုတ်သွားတယ်လို့ သိရပါ တယ်။

 

အကြမ်းဖက်စစ်သားတွေ ဆုတ်ခွာသွားပြီးနောက် သဲတောကျေးရွာကို နယ်မြေရှင်းလင်းရေး ဝင် ရောက်ခဲ့ရာမှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းကနေတိုက်ခိုက်မှုကြောင့် ပြည်သူ့နေအိမ် အဆောက်အအုံ ၃၀ ခန့်၊ ထရမ်စဖော်မာနဲ့ လျှပ်စစ်မီးရုံတွေ ပျက်စီးခဲ့တာကို တွေ့ရှိရတယ်လို့ ဒေါင်း သွေးနီပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

 

ဒေါင်းသွေးနီ ပြောက်ကျားတပ်ဖွဲ – YSO ရဲ စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒုတိယ အကြိမ် မြောက်စီးနင်းတိုက်ခိုက်မီးရှို့ခဲ့တာဖြစ်ပြီး ပြည်တွင်းပြည်ပရှိမိဘပြည်သူတွေအနေနဲ့ ဝိုင်းဝန်း ကူညီ ပေးကြဖို့ ဆက်လက်မေတ္တာရပ်ခံထားပါတယ်။

Than Lwin Myanmar

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းဆောင်းများဆိုးဆိုးရွားရွားပျက်စီး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်ဆောင်များ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်သည်။ ယမန်နေ့ စက်တင်ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီ ၃၀...