Magway News

Magway News

အထက် မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ တပ်သားတွေကို တိုက်ခိုက်မှု စစ်သား ၁၅ ဦးသေဆုံးဟုဆို

 

သံလွင်မြန်မာ

နိုဝင်ဘာလ ၂၅

 

မကွေးတိုင်း၊ အထက် မင်းလှမြို့နယ်အတွင်းမှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးသေဆုံးခဲ့တယ်လို့ အထက်မင်းလှမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။

 

နိုဝင်ဘာလ ၂၃ ရက်နေ့ မနက် ၁၀ နာရီက အထက်မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ ခမရ ၈၈ ၊ ကပစ ၂ နှင့် ပကစ ၁၀ တို့ ပူးပေါင်းထားတဲ့ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး ထက်မနည်း သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း ပုသိမ်-မုံရွာ လမ်းပိုင်းရှိ ရွှေချောင်းရွာနဲ့ ရှမ်းတပ်ကြီးရွာ အကြားကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့တွေကိ ဝိုင်းပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ သိရပါ တယ်။

 

အထက်မင်းလှမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေး တပ်ဖွဲ့တွေ က စစ်ရေးအရှိန် မြှင့်တင်တိုက်ခိုက်လျက်ရှိတာကြောင့် မိဘပြည်သူများအနေနဲ့ အကြမ်းဖက်စစ် သား၊ စစ်ကြောင်းတို့နဲ့ နီးကပ်စွာ သွားလာနေထိုင်တာမလုပ်ကြဖို့နဲ့ အထူးဂရုစိုက်သွားလာကြဖို့ ထုတ်ပြန် အသိပေး ထားပါတယ်။

Than Lwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပုလောမြို့နယ် ၊ ထမင်းမစားကျေးရွာသို့ ပြန်လည်ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်မှုစစ်သား၊ ပျူ ၁၅ ဦးသေဆုံး

ပုလောမြို့နယ် ၊ ထမင်းမစားကျေးရွာသို့ ပြန်လည်ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်မှုစစ်သား၊ ပျူ ၁၅ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာသို့ ပြန်လည် စစ်ကြောင်းထိုးဝင်ရောက်လာ သော အကြမ်းဖက်စစ်သား၊ ပျူများကို တိုက်ခိုက်ခဲ့ရာ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ စက်တင်ဘာလ ၉ ရက်နေ့က ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာတပ်စခန်းကို ပြန်လည် ထိန်းချုပ် နိုင်ရေး...