Magway News

Magway News

ဆိပ်ဖြူမြို့နယ်တွင် စစ်တပ်ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံး

 

သံလွင်မြန်မာသတင်းဌာန

နိုဝင်ဘာလ ၂၄

 

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ် ကောင်စီ တပ်သား ၆ ဦးသေဆုံးခဲ့တယ်လို့ မကွေးတိုင်း ပကဖ ရွေ့လျား စစ်ကြောင်း Yenanthar Youth Force တပ်ဖွဲ့ထံက သိရပါတယ်။

 

နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီ ၅၅ မိနစ်ခန့်က ဆိပ်ဖြူမြို့ ကပစ ၂၂ ကနေ မြင်းခြံမြို့ဘက်ကို သွားတဲ့ စစ်ကား ၃ စီးပါ ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့တွေက ၁၀ မိုင် လမ်းဆုံနဲ့ ဆိပ်ဖြူမြို့ အကြားကားလမ်းပိုင်းတနေရာမှာ မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။

အဲဒီ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကာ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါ တယ်။

 

ဒီစစ်ဆင်ရေးကိုတော့ မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Youth Column ၊ ပခုက္ကူ ခရိုင်အမှတ် – ၁၉ တပ်ရင်း ၊ ဆိပ်ဖြူ ဘာမထီ တပ်ခွဲ (၁) ၊ တပ်ခွဲ (၂) ၊ ဆိပ်ဖြူမြို့နယ် ပကဖ အ နောက် ပိုင်ဇုန် (၁) နဲ့ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါ တယ်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲတွင် စစ်သား ၃ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၄ ဦးနှင့်အတူ လက်နက် ၇ လက် သိမ်းဆည်းရရှိ၊ ယင်းကျေးရွာမှ ထွက်ပြေးလာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး လက်နက် ၂ လက် ထပ်မံသိမ်းဆည်းရရှိ

ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲတွင် စစ်သား ၃ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၄ ဦးနှင့်အတူ လက်နက် ၇ လက် သိမ်းဆည်းရရှိ၊ ယင်းကျေးရွာမှ ထွက်ပြေးလာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး လက်နက် ၂ လက် ထပ်မံသိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၂ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲတွင် စစ်သား ၃ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၄ ဦးနှင့် အတူ လက်နက် ၇ လက်သိမ်းဆည်းရရှိခဲ့ကြောင်း NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။ စက်တင်ဘာလ ၁၁ ရက် နံနက်...