Magway News

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းပျူစောထီးရွာအတွင်းမှ သယ်ထုတ်လာသော နှမ်းတင်းပေါင်း ၃၀၀ နီးရှိသော ကား ၂ စီးကို ဖမ်းမိ

 

သံလွင်မြန်မာသတင်းဌာန

နိုဝင်ဘာလ ၂၄

 

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းပျူစောထီးကျေးရွာအတွင်းမှ သယ်ထုတ်လာသော နှမ်းတင်ပေါင်း ၃၀၀ နီးပါးရှိသည့် ကား ၂ စီး ကို ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း ယောအလင်းတန်းထံကနေ သိရပါတယ်။

 

နိုဝင်ဘာလ ၂၀ ရက်နေ့က ဂန့်ဂေါမြို့နယ် မြောက်ပိုင်း ပျူစောထီးရွာတွေဖြစ်တဲ့ ဟံသာဝတီ မြောက်ခင်ရန်းစတဲ့ ကျေးရွာတွေထဲက နှမ်းတွေကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သော KKG တပ်ရင်း ၄ က IO ဖြစ်သူဦး‌ဆောင်ကာ ကား ၂ စီးနဲ့ သယ်ထုတ်လာခဲ့တာလို့ ဆိုပါတယ်။

Photo -ဖမ်းဆီးရမိသော ကားနှင့် နှမ်းအချို့အားတွေ့ရစဉ်

 

ကားနဲ့အတူ နှမ်း အတင်းရေ ၂၉၈ တင်းရှိကာ တော်လှန် ရေးစိုးမိုးနယ်မြေအတွင်း ရောင်းချဖို့ ကြိုးစားစဉ် သက်သေခံပစ္စည်းတွေနဲ့ အတူ ဖမ်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

အဲဒီနှမ်းတွေကို တစ်တင်းလျှင် ၂၅၀၀၀ (နှစ်သောင်းငါးထောင်) ကျပ်နှုန်းနဲ့ဝယ်ယူလာတာဖြစ်ပြီး နှမ်းပွဲ စားတွေထံကို တစ်တင်းလျှင် ငွေကျပ် ၆၀၀၀၀ (ခြောက်သောင်းကျော်နေ တသိန်းလောက် အထိ ဈေးအမျိုးမျိုးနဲ့ ပြန်လည်ရောင်းချနေကြတာဖြစ်တယ်လို့ သိရပါတယ်။

 

တကယ်တော့ အဲဒီပျူစောထီးရွာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ရိက္ခာဖြတ်တောက် ပိတ်ဆို့ ထားတာဖြစ်ပြီးတော့ အခုလို ဝယ်ယူရောင်းချပေးနေတာဆိုရင် အရင်ကတည်းက လုပ်ဆောင်နေကြ ဖြစ်တယ်လို့ သိရပါတယ်။

 

“ကျနော်ကြားတာတော့ နှမ်း တင် မကဘူး။ ရွှေတွေပါ တစ်ကျပ်သား ကို သိန်း ၃၀ နဲ့ ဝယ်ပြီး အပြင် မှာ သိန်း ၆၀ လောက်နဲ့ ပြန်ရောင်းတယ်လို့ကြားတယ်။ ခုမိတဲ့ကား တစ်စီးဟာလဲ မြောက်ခင်ရန်း ရွာက ပျူစောထီး ဇော်သိန်းရဲ့ကားတစ်စီးပါတယ်လို့ သိရတယ်။ နှမ်းက အပြင်မှာ တစ်တင်းကို တစ် သိန်း ဝန်းကျင်ပေါက်တော့ အများကြီးမြတ်တာပေါ့ဗျာ။ ခုလဲ ပွဲစားချင်း ဈေးလုဝယ်ပြီး ရန်ဖြစ်လို့သာ မြောက်ခင်ရန်းရွာက နှမ်းမှန်း သိလို့ အဖမ်းခံရတာလေ။ တကယ်တော့ မြောက်ခင်ရန်းဆိုတာ ပျူ စောထီးတွေအများဆုံးရှိတဲ့ရွာလို့ ပြောလို့ရသလို သူတို့ကြောင့်ဘဲ ရဲဘော် ၂ ဦး အရှင်လတ်လတ် မီး ရှို့ သတ်ခံရတာလဲရှိခဲ့တဲ့။ ပြီးတော့ အနီးနားကျေးရွာများဖြစ်တဲ့ စမ်းမြိုရွာ သင်တောရွာ ရေသာရွာနဲ့ ရွှေဘိုရွာတွေဟာ လူနေအိမ် မကျန်တော့လောက်အောင်နီးပါး မီးရှို့ဖျက်ဆီးခံထားကြရတာလဲ ဖြစ်ပါ တယ်။ ဒါကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ကျနော်တို့လို ပြည်သူတွေကိုတောင် ပျူရွာတွေ နဲ့ အရောင်းအဝယ်ကအစ ဘာမှမလုပ်ဖို့ ပိတ်ပင်ထားတာဖြစ်ပါတယ်။ ဒီအချိန်မှာ လက်နက်ကိုင် တပ်ဖွဲ့ကနေ ဒီလိုလုပ်တာကတော့ လုံးဝမဖြစ်သင့်ဘူး”လို့ ယောအလင်းတန်း မှ ကိုဘကောင်းက ရှင်းပြပါတယ်။

 

အဲဒီဖမ်းဆီးမှုကို ဂန့်ဂေါမြို့နယ်၊ ပကဖ၊ ပအဖ၊ ပလဖ အဖွဲ့များ ပူးပေါင်းကာ ဖမ်းဆီးခဲ့တာ ဖမ်းဆီး စဉ်ကလည်း CDF KKG တပ်ရင်းကိုလည်း အကြောင်းကြားထားတယ်လို့ သိရပါတယ်။

 

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရ

ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၂ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအပါအဝင် ကလေး ငယ် ၁၈ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် -AA က သတင်းထုတ်ပြန် သည်။ ယနေ့ စက်တင်ဘာလ...