Magway News

Magway News

အမ်းမြို့ကို စစ်ကူသွားမည့် စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံး

 

D Day News

နိုဝင်ဘာလ ၂၁

 

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာအနီးမှာ ရခိုင်ပြည်နယ်၊ အမ်းမြို့ဘက်ကို စစ်ကူသွားမယ့် စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦးသေဆုံးခဲ့တယ်လို့ လူထုတော်လှန်ရေးမဟာ မိတ်အင်အားစု(PRA- Magway) ထံက သိရပါတယ်။

 

မနေ့က နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေ ၄ နာရီအချိန် ရခိုင်ပြည်နယ်၊ အမ်းမြို့ကို စစ်ကူသွားမယ့် အင်အား ၄၀ ခန့်ပါ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာရဲ့ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အ ကွာနေရာအရောက် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA- Magway) က ခြုံခိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီတိုက်ပွဲက ၁၅ မိနစ်ခန့် အကြာဖြစ်ပွားခဲ့ပြီးတော့ စစ်ကောင်စီတပ်ဘက်က တပ်ကြပ်ကြီးအဆင့် အပါအဝင် စစ်သား ၉ ဦးသေဆုံးပြီး အခြားအဆင့် စစ်သား ၁၀ ဦးခန့်လည်း ဒဏ်ရာရရှိသွားတယ်လို့ ပြောပါတယ်။

 

အဲဒီ စစ်တပ် စစ်ကြောင်းဟာ အမှတ် ၉၀၅ အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ် – လက်အောက်ခံတပ် တွေနဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်း သင်တန်းဆင်း တပ်ဖွဲ့ဝင်တွေ ပူးပေါင်းထားတဲ့ စစ်ကြောင်းဖြစ် တယ်လို့ သိရပါတယ်။

 

“ဒီစစ်ကြောင်းက ရခိုင်ဘက်ကို ပို့မယ်လို့ ပြောလို့ရပါတယ်။ ရခိုင်ဘက်ကို ပို့တဲ့ ယာဉ်တန်းတွေကို လုံခြုံ ရေးယူတဲ့တပ်ဖွဲ့ဝင်တွေနဲ့ ကားပျက်လို့ ကျန်ခဲ့တဲ့ သူတွေနဲ့ စုပေါင်းပြီးတော့ ဂုတ်ကြီးဘက်ကို တက်လာတဲ့ စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲဘက်နဲ့ပတ်သက်လို့ ဖြည့်စွက် ပြီးပြောရမယ်ဆိုရင် ရခိုင်ဘက်ကို တက်မယ့် ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် ကားတွေမှာ Jammer ပါတော့ ရီမုတ်မိုင်းတွေက မကွဲခဲ့ဘူး။ မကွဲခဲ့လို့ ယာဉ်တန်းကို လုံခြုံရေးယူတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ကားပျက်လို့ ကျန်ခဲ့တဲ့ စစ်ကြောင်းတွေကို နောက်တစ်နေရာကနေ ခြုံခိုပြီးတော့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်” ဟု လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA- Magway)မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

 

ငဖဲမြို့နယ်၊ ပဒါန်း-အမ်းလမ်းပိုင်း ထိန်းချုပ်ရေးအတွက် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA- Magway) က ရှေ့ပြေး လှုပ်ရှားမှုတွေအဖြစ် စစ်ဆင်ရေးများ ဖော်ဆောင်လျက်ရှိပါတယ်။

 

အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံနေရလို့ အကြမ်းဖက်စစ်တပ်က လေ ကြောင်း၊ ကုန်းကြောင်းတွေနဲ့ စစ်ကူအင်အားတွေ ကြိုးစား ဖြည့်တင်းလျက်ရှိပေမယ့် စစ်တပ် တပ်စခန်းတွေ၊  တပ်ရင်းများကို AA က တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်တယ်လို့ အာရက္ခတပ်တော် -AA က ထုတ်ပြန်ထားပါတယ်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ကျောက်ကြီးမြို့နယ်၊ အုန်းပင်စုရွာ၌ တပ်စွဲထားသော စစ်တပ်စခန်းကို သိမ်းပိုက်ရရှိ၊ စစ်သား ၈ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၁၅   ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ အုန်းပင်စုရွာတွင် တပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်သိမ်း ပိုက်ခဲ့ရာ စစ်သား ၈...