Magway News

Magway News

မင်းဘူးမြို့နယ်၊ ရွှေစက်တော်ဘုရားအနီးတပ်စွဲထားသော စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု သေနတ်စတင်ဖောက်ချိန်၌ပင် စစ်သားများအားလုံး စခန်းစွန့်ခွာထွက်ပြေး

 

D Day News

နိုဝင်ဘာလ ၁၉

 

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ ရွှေစက်တော်ဘုရားအနီး ဘုရားရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ သေနတ် စတင်ပစ်ဖောက်ချိန်ကပင် စစ်သားများအားလုံး စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းထံမှ သိရသည်။

 

နိုဝင်ဘာလ ၁၇ ရက် နံနက် ၃ နာရီအချိန်တွင် မင်းဘူးမြို့နယ်၊ ဗုဒ္ဓဘာသာဝင်များအထွဋ်အမြတ် ထားရာ ရွှေစက်တော်ဘုရားအနီး ဘုရားရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပထမအကြိမ် သေနတ်ပစ်ဖောက် စဉ်ကပင် စစ်ကောင်စီတပ်သားများက ထွက်ပြေးသွားသဖြင့် အချိန်တိုအတွင်း တိုက်ပွဲပြီးမြောက် ခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်သားများသည် ရွှေစက်တော်ဘုရားအတွင်း သစ်ခိုး ထုတ်ခြင်း ၊ မျိုးတုန်းပျောက် ကွယ်တော့မည့် တိရစ္ဆာန်များ ဖမ်းဆီးရောင်းချနေခြင်း၊ ငွေကြေးကောက်ခံကာ တရာမဝင် ခွင့်ပြုနေ ခြင်းတို့လုပ်ဆောင်နေကြောင်း ပြည်သူလူထုက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ တိုင်ကြားလာသဖြင့် သွားရောက် တိုက်ခိုက်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင်၊ အမှတ် ၆ တပ်ရင်း၊ မင်းဘူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မင်းဘူးမြို့နယ် ပကဖ) နှင့် ငဖဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ငဖဲမြို့နယ် ပကဖ) တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မင်းဘူးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၊ ရဲများနှင့် ပျူစောထီး စုဝေးရာ နေရာများ၊ စခန်းများ အနီးသို့ သွားလာခြင်းမပြုပဲ ဝေးရာ နေရာ၌ နေထိုင်ပေးကြရန် မေတ္တာ ရပ် ခံထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
တောင်ငူ -လိပ်သို လမ်းပိုင်းကို ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံး

တောင်ငူ -လိပ်သို လမ်းပိုင်းကို ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၅ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်နှင့် သံတောင်ကြီးမြို့နယ်သို့ ဆက်သွယ်ထားသော တောင်ငူ -လိပ်သို လမ်းပိုင်းသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ အရာရှိ တစ်ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း KNLA တပ်မဟာ ၂ ၊ တပ်ရင်း...