ပခုက္ကူတပ်မ ၁၀၁ တပ်အတွင်းသို့ လက်နက်ကြီးများဖြင့် တိုက်ခိုက်ပြီး ပြန်ဆုတ်ရာတွင် စစ်ကောင် စီတပ်က မြေပြင်၊ ဝေဟင်မှ ပိတ်ဆို့တိုက်ခိုက်

ပခုက္ကူတပ်မ ၁၀၁ တပ်အတွင်းသို့ လက်နက်ကြီးများဖြင့် တိုက်ခိုက်ပြီး ပြန်ဆုတ်ရာတွင် စစ်ကောင် စီတပ်က မြေပြင်၊ ဝေဟင်မှ ပိတ်ဆို့တိုက်ခိုက်

သံလွင်မြန်မာသတင်း

ဩဂုတ်လ ၅

 

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခိုက်ပြီး ပြန်လည်ဆုတ်ခွာရာတွင် စစ်ကောင်စီတပ်က မြေပြင် ဝေဟင်မှ ပိတ်ဆို့တိုက်ခိုက်ခံခဲ့ရကြောင်း Burma Revolution Rangers တပ်ဖွဲ့ထံမှ သိရသည်။

 

ဩဂုတ်လ ၂ ရက် မွန်းလွဲ ၁ နာရီခန့်က ပခုက္ကူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၁၀၁ တပ်အတွင်းသို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ လက်နက်ကြီး ၂ လုံးတိကျစွာ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ၏ တပ်မ ၁၀၁ တပ်အတွင်းမှ ပါရာမိုတာ – စက်တပ် လေထီး ၂ စီးတက်လာကာ တော်လှန်ရေးတပ်ဖွဲ့ဝင်များ နေရာယူထားသည့် နေရာကို စက်သေနတ် ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မြေပြင်က စစ်ကြောင်းထိုး၍ ပိတ်ဆို့တိက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်အချို့ ပိတ်ဆို့ခံခဲ့ရကာ ခုခံတိုက်ခိုက်ရင်း အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၁ နာရီကျော်ကြာမြင့်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို Burma Revolution Rangers တပ်ဖွဲ့(B.R.R) ၊ Pakokku People Defense Force (P.P.D.F) နှင့် ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျပျက်စီး

အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ ကတ်လက်နက်ကြီး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦး သေဆုံးခဲ့ပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျ ပျက်စီးခဲ့ကြောင်း...