သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၂၄
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြိုနယ်မြောက်ပိုင်းသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ တပ်ဆုတ်ပြေး သွားကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) တပ်ဖွဲ့က ထုတ်ပြန်သည်။
အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ပေါက်မြို့နယ်၊ မြောက်ပိုင်းသို့ အင်အား ၂၀၀ ခန့်ဖြင့် ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက် ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်သား ၅ ဦး သေဆုံးပြီး ၈ ဦးထက်မနည်းဒဏ်ရာရရှိကာ တပ်ပြန်ဆုတ်ပြေးသွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့တော်လှန်ရေးတပ်ဦး – PRF ၊ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်-PDA ၊ ကျောင်းသားလက်ရုံးတပ်တော် – SAF ၊ BORDERLESS နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) အနေဖြင့် ပြည်သူလူထုအတွက် အောင်ပွဲများရရှိစေရန် ညီညွတ် ရေးကို ရှေ့ရှူ၍ ဘုံရန်သူကို အမြစ်ပြတ် ချေမှုန်းနိုင်ရန်အတွက် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ် ကြောင်း ထုတ်ပြန် ကြေညာထားသည်။

Thanlwin Myanmar Media