Magawy News

Magawy News

ငဖဲမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး လက်နက် ၁ လက်နှင့် ခဲ ယမ်း အချို့ သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဇွန် ၇

 

မကွေးတိုင်း ၊ ငဖဲမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး လက် နက် ၁ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း အရှိုချင်းကာကွယ်ရေးတပ် – ACDF ထံမှ သိရ သည်။

 

ဇွန်လ ၂ ရက် နေ့က ငဖဲမြို့နယ်၊ အမ်း -ပဒါန်းလမ်းပိုင်း၊ အရှိုချင်းကာကွယ်ရေးတပ် (ACDF) ဒေသ ၁ ထိန်းချုပ်ရာနေရာသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ACDF တပ်ဖွဲ့ဝင်များ မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပြီး ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်း သိရ သည်။

“ငဖဲမြို့နယ်ထဲမှာပါ။ စခတွေက ဘယ်ကနေလာပြီး ဘယ်ကို စစ်ကြောင်းထိုးဖို့ လာလဲဆိုတာ အတိ အကျ မသိရဘူး။ အင်အားလည်း အတိအကျ မသိရပါဘူး။ ရန်ကူစစ်ကြောင်းလာတာသိလို့ တိုက် ခိုက်ခဲ့တာပါ” ဟု အရှိုချင်းကာကွယ်ရေးတပ် – ACDF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဆလိုင်း ခနီလေဗွေက ပြောကြားသည်။

 

တိုက်ပွဲဖြစ်ပွားရာနေရာအား နယ်မြေရှင်းလင်းစဉ် စစ်သားအလောင်း ၁ လောင်းနှင့် MA1 အမျိုး အစား သေနတ် ၁ လက်၊ ကျည်ဘောက် ၅ ဘောက်နှင့်ခဲယမ်းအချိ့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

ပုလောမြို့နယ်တွင် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တိုက်ပွဲပြင်းထန်နေ   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၅   တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပြည်ထောင်စုလမ်းမပေါ်တွင် တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက ထုတ်ပြန်သည်။   ဇူလိုင်လ ၂၃ ရက်နေ့မှ စတင်၍ ပုလောမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အကြမ်းဖက် စစ်...