နတ်မောက်မြို့၊ ဟိန်းဆီဆိုင်အနီးတွင် စစ်မှုထမ်းစေခိုင်းရန် ပေါ်တာဆွဲဖမ်းဆီးနေသော စစ်သား၊ ပျူ များကို တိုက်ခိုက်မှု ၆ ဦးသေဆုံး

နတ်မောက်မြို့၊ ဟိန်းဆီဆိုင်အနီးတွင် စစ်မှုထမ်းစေခိုင်းရန် ပေါ်တာဆွဲဖမ်းဆီးနေသော စစ်သား၊ ပျူ များကို တိုက်ခိုက်မှု ၆ ဦးသေဆုံး

သံလွင်မြန်မာသတင်း

စက်တင်ဘာလ ၄

မကွေးတိုင်း၊ နတ်မောက်မြို့၊ ဟိန်းဆီဆိုင်အနီးတွင် စစ်မှုထမ်းစေခိုင်းရန် ပေါ်တာဆွဲဖမ်းဆီးနေသော စစ်သား၊ ပျူများကို တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူ ၆ ဦး သေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် ၃ တပ် ရင်း- ငါးပြေမပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

စက်တင်ဘာလ ၂ ရက် နံနက် ၈ နာရီ ၁၅ မိနစ်က နတ်မောက်မြို့၊ ဟိန်းဆီဆိုင်အနီးတွင် အရပ်သား ပြည်သူလူငယ်များကို စစ်မှုထမ်းစေခိုင်းရန် ကား ၂ စီးဖြင့် လှည့်ပတ်ပေါ်တာဆွဲနေသည့် အကြမ်း ဖက် စစ်သား၊ ပျူစောထီးများကို မိုင်းဖြင့် စတင်ဖောက်ခွဲတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား၊ ပျူစောထီး ၆ ဦးသေဆုံးကာ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာတွင် အသုံးပြုသည့် ကား ၂ စီးလည်း ပျက်စီးသွား ကြောင်း၊ ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကားတွေရပ်ပြီး ပေါ်တာဆွဲနေတုန်း လက်ပစ်ဗုံးနဲ့ စတိုက်တာ၊ ပြီးမှ အပြန်အလှန် ပစ်ခတ်မှုဖြစ်တာ ပါ၊ ၁၅ မိနစ်လောက်ကြာတယ်၊ မြို့နဲ့ အရမ်းနီးတော့ စစ်ကူတွေကြောင့် လက်နက်က မရခဲ့တာ၊ ပျူ တွေ၊ စခ၊ ရခတွေရော အင်အားကများတယ်၊ ကား ၂ စီးနဲ့၊ ကား ၂ စီးလုံးပျက်စီးတယ်၊ သေတာက ၆ ယောက်၊ ဒဏ်ရာအပြင်းအထန်ရတာက ၂ ယောက်၊ ကျန်ဒဏ်ရာရတာတွေလည်းများတယ်၊ စစ်ကူ လာမှ စိုးလို့ ကျနော်တို့ ရဲဘော်တွေ မထိခိုက်စေရေး ဦးစားပေးပြီး ဆုတ်ခွာခဲ့ရတာ။ ပေါ်တာဆွဲတဲ့ အထဲမှာ နတ်မောက်ပျူခေါင်းဆောင် ခင်မောင်ဌေးကတော့ မပါဘူး။ သူ့သားပါလာတယ်၊ အခုတော့ အဲဒီပျူခေါင်းဆောင် ခင်မောင်ဌေးသားလည်း ငရဲရောက်သွားပြီ” ဟု သရက်ခရိုင် အမှတ် ၃ တပ်ရင်း- ငါးပြေမပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို သရက်ခရိုင်အမှတ် ၃ တပ်ရင်း -ငါးပြေမပြောက်ကျားတပ်ဖွဲ့၏ မြေပြန့်ကျား တပ်ခွဲ ၊ ရေနံချောင်း ပကဖ၊ နတ်မောက် ပကဖ၊ မင်းဘူးခရိုင် ပကဖ၊ Chauk Revolution Army – CRA နှင့် ဒေါဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျောက်ကြီး -မုန်းကားလမ်းပိုင်းအား ပြန်လည် ရယူရန်အတွက် ဝင်ရောက်လာသော စစ်တပ်စစ် ကြောင်းကို တိုက်ခိုက်မှု ဒုတပ်ရင်းမှူးတစ်ဦး၊ တပ်ခွဲမှူးတစ်ဦးအပါအဝင် စစ်သား ၆ ဦးသေဆုံး

ကျောက်ကြီး -မုန်းကားလမ်းပိုင်းအား ပြန်လည် ရယူရန်အတွက် ဝင်ရောက်လာသော စစ်တပ်စစ် ကြောင်းကို တိုက်ခိုက်မှု ဒုတပ်ရင်းမှူးတစ်ဦး၊ တပ်ခွဲမှူးတစ်ဦးအပါအဝင် စစ်သား ၆ ဦးသေဆုံး

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၄ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီး-မုန်း ပြန်လည်စိုးမိုးနိုင်ရေး စစ်ကြောင်းထိုးလာသော အကြမ်း ဖက်စစ်တပ်ကို ဒု-ရင်းမှူး တစ်ဦးနှင့် တပ်ခွဲမှူး တစ်ဦးအပါအဝင် (၆)ဦး သေဆုံးကာ (၁၆)ဦး ခန့် ဒဏ်ရာရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။ စက်တင်ဘာလ ၂ ရက်နေ့က...