Maddyar News

Maddyar News

မတ္တရာမြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်ထိုင်နေသော မြို့နယ်ကောင်စီဝင် ဗိုလ်မှူးသက်နိုင်စိုး ပစ်ခတ် ခံရပြီး သေဆုံး

 

D Day News

ဧပြီလ ၂၄

 

မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် မြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးသက်နိုင်စိုး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။

 

ယနေ့ ဧပြီလ ၂၄ ရက် နံနက်ပိုင်းက မတ္တရာမြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် အကြမ်းဖက် စစ်ကောင်စီ၏ မတ္တရာမြို့နယ်၊ မြို့နယ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးသက်နိုင်စိုးကို အမည်မသိလူတစ်စု က သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်သွားရာ သေဆုံးသွားကြောင်း၊ ဗိုလ်မှူးသက်နိုင်စိုးပစ်ခတ်ခံရပြီး နောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးတင်းတင်းကြပ်ကြပ်စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။

“သူက အတော်ဆိုးသွမ်းပြီး ရက်စက်သူလို့ နာမည်ကြီးနေတဲ့သူပါ။ မတ္တရာမြို့နယ်သားတစ်ဦးပဲ။ မတ္တရာကို ပြန်ပြီးတာဝန်ကျတာ ၄ လလောက်ပဲရှိသေးတယ်။ သူရောက်ပြီးမှ ရွာတွေမီးရှို့တာ၊ လက် နက်ကြီးနဲ့ထုတာတွေ ပိုများလာတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။

 

သေဆုံးသူ ဗိုလ်မှူး သက်နိုင်စိုးသည် DSA အပတ်စဉ် ၄၆ ကျောင်းဆင်းတစ်ဦးဖြစ်ပြီး မတ္တရာမြို့နယ် အတွင်းသို့ တာဝန်ပေးခံရကာ ရောက်ရှိ

လာပြီးနောက် မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးကာ လှည့်လည်မီးရှို့ခြင်း၊ လက်နက်ကြီးများဖြင့် ကျေးရွာများကို ထုနှက်ခြင်း၊ ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်းတို့ကြောင့် အပြစ်မဲ့ပြည်သူ ၂၀ ခန့်သေဆုံးခဲ့ကြောင်း သိရသည်။

 

“ကားပေါ်မှာ သေနတ်က အတိုရော၊ အရှည်ရော ပါတယ်လို့ သိရတယ်။ အဲဒါကို သေနတ် မယူပဲ လက်ဖက်ရည်ဆိုင်ထဲဝင်သွားတဲ့အချိန် ပစ်ခတ်ခံလိုက်ရတာ။ အလစ်အငိုက်ခံလိုက်ရတာဆိုတော့ ပွဲချင်းပြီးပါပဲ” ဟု ဒေသနေပြည်သူတစ်ဦးက ပြောဆိုသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ အောင်သပြေကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ ကြောင်း မွန်ပြည်တော်လှန်ရေးတပ် -MSRF ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၀...