Maddayar News

Maddayar News

မတ္တရာမြို့နယ်၊ နံ့သာစစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား၊ ပျူ ၂၉ ဦး သေဆုံး (ရုပ်သံ)

 

D Day News

ဇူလိုင်လ ၂

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ရေနံ့သာစစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူ ၂၉ ဦး သေဆုံးခဲ့ကြောင်း မတ္တရာမြို့နယ် – ပကဖ – မဟာတပ်ဖွဲ့ ထံမှ သိရသည်။

 

ဇွန်လ ၂၅ ရက်နေ့တွင် မတ္တရာမြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ရေနံ့သာစစ်ဆေးရေး ဂိတ် ကိုတော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၆ ဦးနှင့် ပျူစောထီး ၃ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

https://youtu.be/38V9lu6xrnI

ယင်း ထိတွေ့တိုက်ပွဲအတွင်း တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်အကျဆုံးမရှိ အောင်မြင်စွာဆုတ် ခွာနိုင်ခဲ့သော်လည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားရာ အနီးအနားရှိ ကျေးရွာများကို လေ ကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် ဗုံးကျဲ ဖျက်ဆီးခဲ့မှုကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း  သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မတ္တရာမြို့နယ် – ပကဖ – မဟာတပ်ဖွဲ့ ၊ ကျားသစ်နက်စစ်ကြောင်း ၊ ပြင်ဦး လွင်ခရိုင် အမှတ် (၁) တပ်ရင်း (၁) ၊ SSTF (Security & Special Task Force) People’s Police တပ်ဖွဲ့ ၊ မတ္တရာမြို့နယ် တိုက်နယ် ၃ ပကဖ များဖြစ်သော နဂါးညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် မိုးကြိုးပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

စစ်အာဏာရှင်စနစ် ပျက်သုဥ်းရန်အတွက် နီးကပ်လာပြီဖြစ်ရာ ပြည်သူများအနေဖြင့် ပြည်သူ့ ကာ ကွယ်ရေးအဖွဲ့များ၏ ခွင့်ပြုချက်မရှိသည့်နေရာများ သွားရောက်ခြင်းမပြုရန် တိုက်တွန်း နှိုးဆော် ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ် သား ၇ ဦးသေဆုံး၊ စစ်သားနှင့် အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် ၇ ဦး အရှင်မိ (ရုပ်သံ)

ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ် သား ၇ ဦးသေဆုံး၊ စစ်သားနှင့် အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် ၇ ဦး အရှင်မိ (ရုပ်သံ)

သံလွင်မြန်သတင်း စက်တင်ဘာလ ၁၁ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး‌ သေဆုံးပြီး စစ်သားနှင့် အိန္ဒိယနိုင်ငံသား ကသည်း သူပုန်အပါအဝင် ၇ ဦး ဖမ်းဆီးရရှိ ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက...