Maddayar News

Maddayar News

မတ္တရာမြို့နယ်၊ နန်းတော်ကျွန်းရွာ စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

 

D Day News

ဇွန်လ ၄

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ နန်းတော်ကျွန်းရွာရှိ အကြမ်းဖက်စစ်တပ် အထိုင်စခန်းထဲသို့ ဒရုန်း ဖြင့် ၄ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ရတနာပုံတပ်ဦးထံမှ သိရသည်။

ယမန်နေ့ ဇွန်လ ၃ ရက် မွန်းလွဲ ၁ နာရီခန့်ကစတင်၍ မတ္တရာမြို့နယ်၊ နန်းတော်ကွန်းရွာ ဘုန်းကြီး ကျောင်းထဲ၌ အင်အား ၅၀ ခန့်ဖြင့် တပ်စွဲသော စစ်တပ်စခန်းထဲသို့ Fixed Wings Drone များဖြင့် ဗုံးသီး ၄ ကြိမ်ချ၍ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားမျး ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

 

“သေဆုံး ထိခိုက် နောက်ဆက်တွဲသတင်းတော့ မကြားရသေးဘူး။ ၈၁ မမ နဲ့တော့ တစ်ညလုံးထုနေ တာ။ ကျနော်တို့ အလုပ်တွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ လိုအပ်ချက်တွေလည်း အများကြီး ရှိပါတယ်။ ယုံယုံကြည်ကြည်နဲ့ လာရောက် ထောက်ပံ့ပေးပါ၊ ကျနော်တို့ အလုပ်နဲ့ သက်သေပြပေးပါ မယ်” ဟု ရတနာပုံတပ်ဦး တာဝန်ခံကို ကိုကီရီက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) ၊ မတ္တရာမြို့နယ် (ပကဖ)နှင့် နယ်မြေခံပကဖ တပ်ဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းပြီး အကြမ်းဖက်စစ်တပ်၏ Jammer ကြောင့် ဒရုန်းတစ်စီး ပျက်ကျခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို NLD မှ ထုတ်ပယ်

အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို NLD မှ ထုတ်ပယ်

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁ အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲဝင်ပြိုင်မည့် ပလက်ဝမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုးထက် (ခ) ဆလိုင်းမဲလုကို ထုတ်ပယ်လိုက်ကြောင်း NLD ပါတီက ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ချင်းပြည်နယ် ပလက်ဝမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့်ပလက်ဝ မြို့...