Maddayar News

Maddayar News

မတ္တရာမြို့နယ်၊ တောင်တံငါဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု ဗိုလ်ကြီး ၁ ဦးအပါအဝင် ၁၂ ဦးသေဆုံး

 

D Day News

မေလ ၁၀

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်တံငါကျေးရွာ ဘုန်းကြီးကျောင်း၌တပ်စွဲထားသောအကြမ်း ဖက်စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်ဗိုလ်ကြီးတစ်ဦးအပါဝင် ၁၂ ဦးသေဆုံး ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်သည်။

 

ယနေ့ မေလ ၁၀ ရက် နံနက် ၅ နာရီ ခန့်က မတ္တရာမြိုမြောက်ဘက် ၂ မိုင်အကွာရှိ တောင်တံငါကျေး ရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီအထိုင်စခန်းငယ်ကို ဝင်ရောက်စီး နင်း တိုက်ခိုက်ခဲ့ရာ ၅ နာရီ ၄၅ မိနစ်အချိန်တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားများ ကစဉ့်ကလျားထွက်ပြေးသွားသူများလည်းရှိပြီး ဗိုလ် ကြီး ၁ ဦး အပါ အဝင် စစ်သား အလောင်း ၁၂ လောင်းခန့်မျက်မြင်တွေ့ရှိကာ Drone Jammer ၁ လတ် ၊ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း၊ သိမ်းဆည်းရမိသည့် အကြမ်းဖက် စစ်တပ် ဗိုလ်ကြီး ကိုင်ဆောင်သော ပစ္စတို သည် ကလေးကစားစရာ ပလက်စတစ်ကော်စေ့သေနတ် ဖြစ်သည်ကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

 

အဆိုပါ တိုက်ပွဲ၌ မိမိတို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ဘက်မှ ရဲဘော် ၁ ဦး မြင့်မြတ် စွာ အသက်ပေးလှူခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)စစ်ဦးစီးအဖွဲ့က ထုတ်ပြန်ထားသည်။

 

အဆိုပါ တောင်တံငါကျေးရွာ အထိုင်စခန်းငယ်သည် မတ္တရာမြို့မှ စဉ့်ကူးမြို့ဘက်သို့ အထွက်၌ တည် ရှိပြိး ၊ မတ္တရာမမြို့နှင့် ရေနံ့သာကျေးရွာကြား၌ ပြည်သူများထံမှ အဓမ္မငွေကြေးများ ကောက်ခံနေ သော စစ်ကောင်စီစခန်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ကောင်စီက ကျင်းပသော အတုအယောင်ရွေးကောက်ပွဲသည် ပဋိပက္ခများကိုသာ တိုးပွားလာစေ မည်ဖြစ်သဖြင့် အသိအမှတ်မပြုပဲ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် NLD ထုတ်ပြန်

စစ်ကောင်စီက ကျင်းပသော အတုအယောင်ရွေးကောက်ပွဲသည် ပဋိပက္ခများကိုသာ တိုးပွားလာစေ မည်ဖြစ်သဖြင့် အသိအမှတ်မပြုပဲ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် NLD ထုတ်ပြန်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၃ အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲသည် ပဋိပက္ခများကိုသာ တိုးပွားလာစေ မည်ဖြစ်သောကြောင့် အသိအမှတ် မပြုပဲ ပူးပေါင်းဆောင်ရွက်ခြင်း မပြုကြရန် NLD ပါတီက ယနေ့ ထုတ်ပြန်လိုက်သည်။ ယနေ့ သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် ဒုတိယ...