Maddayar News

Maddayar News

မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းမှ ဖမ်းမိထားသည့် သုံ့ပန်းများ နှင့်မိသားစုဝင်များကို အသက်အန္တရာယ် အာမခံကြောင်း MDY-PDFက တွေ့ဆုံရှင်းပြ

 

D Day News

ဇူလိုင်လ ၃

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အကြမ်းဖက်စစ်ကောင်စီ၏ အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ် ရေးတပ်စခန်းမှ ဖမ်းမိထားသည့် စစ်သုံ့ပန်းများနှင့်မိသားစုဝင်များကို အသက်အန္တရာယ်အာမခံ ကြောင်း MDY -PDF တပ်ဖွဲ့က တွေ့ဆုံရှင်းပြခဲ့ကြောင်း သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၂ ရက်နေ့ညပိုင်းက မတ္တရာမြို့နယ်အတွင်းရှိ လေကြောင်းရန်ကာကွယ်ရေးတပ် စခန်းကို PDF ရဲဘော်များ စီးနင်းတိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဖမ်းဆီးရရှိသော သုံ့ပန်းများနှင့်မိသား စုဝင်များကို MDY – PDF တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက တွေ့ဆုံပြောကြားသည့် ရုပ်သံဖိုင်ကို ထုတ်ပြန် ထားခြင်းဖြစ်သည်။

https://youtu.be/eot-bgQj1sg

“ခင်ဗျားတို့ကို လုံးဝသတ်တာဖြတ်တာ၊ နှိပ်စက်တာ ကျွန်တော်တို့လုပ်မှာမဟုတ်ဘူး။ ကျွန်တော် တို့ နိုင်ငံတကာ စစ်စည်းမျဉ်းစည်းကမ်းတွေ၊ သုံ့ပန်းတွေကိုဖမ်းမိရင်လုပ်ရတဲ့စစ်ဥပဒေတွေ အဲ့ဒီဥပဒေ တွေ အတိုင်းစည်းမျဉ်းစည်းကမ်းတွေ အတိုင်းကျွန်တော်တို့ ခင်ဗျားတို့ကို ဆက်ဆံမယ်” လို့ MDY-PDF တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေဖြင့် မတ္တရာမြို့နယ်အတွင်းရှိ ၁၀၁၄ လေကြောင်း ရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း ၊ ဆည်တော်တပ်စခန်း ၊ ပန်းသလဲတောင် တပ်စခန်း ၊ ရေစိုတောင် တပ်စခန်း ၊ နေကျော်တောင် တပ်စခန်း ၊ ရွှေပုထိုးတပ်စခန်း ၊ ကျောက်ခလုတ် တပ် စခန်း နှင့် Alpha ဘိလပ်မြေစက်ရုံ၏ စိုးမိုးကုန်းဖြစ်သော မြေနီတောင် တပ်စခန်းများကို အပြီး သတ်သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်း သိရသည်။

 

ယင်းစစ်တပ်စခန်းသိမ်းပိုက်မှုအတွင်း ဖမ်းဆီးရမိစစ်သုံပန်းနှင့် လက်နက်ချအညံ့ခံသူ ၆၄ ဦး အရှင် ဖမ်းဆီးရမိခဲ့ပြီး သုံပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း၊ ထိုအပြင် တပ်မိသားစုဝင်များဖြစ် သည့် အမျိုးသမီး ၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ စုစုပေါင်း ၁၁၇ ဦးခန့်ကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ် သား ၇ ဦးသေဆုံး၊ စစ်သားနှင့် အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် ၇ ဦး အရှင်မိ (ရုပ်သံ)

ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ် သား ၇ ဦးသေဆုံး၊ စစ်သားနှင့် အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် ၇ ဦး အရှင်မိ (ရုပ်သံ)

သံလွင်မြန်သတင်း စက်တင်ဘာလ ၁၁ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး‌ သေဆုံးပြီး စစ်သားနှင့် အိန္ဒိယနိုင်ငံသား ကသည်း သူပုန်အပါအဝင် ၇ ဦး ဖမ်းဆီးရရှိ ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက...