Ma Hlaing News

Ma Hlaing News

မလှိုင်မြို့နယ်၊ သက္ကယ်ကျင်းရွာတွင် ဆက်ကြေးကောက်နေသော စစ်သားများကို ပစ်ခတ်တိုက်ခိုက် (ရုပ်သံ)

 

D Day News

မေလ ၁၅

 

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သက္ကယ်ကျင်းကျေးရွာတွင် ဆက်ကြေးကောက်နေသော အကြမ်းဖက် စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Myingyan District Army -3 -Taungtha Youth တပ်ဖွဲ့ထံမှ သိရသည်။

 

မေလ ၈ ရက် ညနေ ၅ နာရီခန့်က မလှိုင်မြို့နယ်၊ သက္ကယ်ကျင်းကျေးရွာတွင် အင်းအား ၂၅ ဦး ခန့် ဖြင့် အထိုင်ချတပ်စွဲထားပြီး ကျေးရွာလမ်းလယ်ထိ ထွက်ကာ စစ်ဆေးရေးနှင့် ပြည်သူများထံမှ ဂိတ် ကြေး ကောက်ခံနေသော အကြမ်းဖက်စစ်သား ၇ ဦးကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သားများ ကျေးရွာအတွင်းသို့ ပြန်ဝင်ပြေးသွားကြောင်း သိရသည်။

https://youtu.be/R376sZp9plc

“စစ်ခွေးတွေ ရွာထဲပြန်ဝင်ပြေးသွားလို့ အသေအပျောက်တော့မရှိဘူးဗျ” ဟု Myingyan District Army -3 -Taungtha Youth တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း ၃ နှင့် ညီနောင်မဟာမိတ်အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းတိုက်ခိုက်မှုမပြုလုပ်တော့ပဲ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲ၊ ပျူစောထီး ၁၄ ဦး သေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၄ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆုံရွာစခန်းမှ ငါန်းမြာကြီးရဲကင်းစခန်းဘက်သို့ ထွက်လာ သော အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများကို တိုက်ခိုက်ခဲ့ရာ ၁၄ ဦးသေဆုံးပြီးလက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်းမန္တလေးခရိုင်အမှတ် ၅ တပ်ရင်းထံမှ သိရသည်။ ဩဂုတ်လ ၂၁ ရက်...