Loikaw News

Loikaw News

လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ကလေး ၂ ဦးအပါအဝင် ၆ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဧပြီလ ၂၀

 

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်သားကျေးရွာတွ်င တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၆ ဦး သေ ဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။

 

ယနေ့ ဧပြီလ ၂၀ ရက် နံနက် ၁၁ နာရီ မိနစ် ၅၀ အချိန်ခန့်က လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာ တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၃၀၀ ဗုံးသီး ၃ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အသက် ၂ နှစ်နှင့် ၆ နှစ်အရွယ် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၆ ဦး နေရာမှာပင်ပွဲချင်းပြီးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် နေအိမ် အလုံး ၂၀ ခန့်ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

 

https://youtu.be/E6AxVh1A648

“၁၁ နာရီ မိနစ် ၅၀ လောက်မှာ ဝင်ကျဲသွားတယ်၊ မိသားတစ်စုလုံး ၆ ယောက်တော့ တစ်ခါတည်း သေသွားတာ၊ ၁၀ ယောက်လောက်ဒဏ်ရာရရှိသွားတယ်။ သေသွားတဲ့ မိသားစု ၆ ယောက်လောက် တော့ မီးသင်္ဂြိုလ်ဖို့ လုပ်နေကြပြီ။ ဒဏ်ရာရတဲ့ ၁၀ ယောက်ကိုတော့ ဆေးခန်းကို ပို့ပေးထားတယ်။ ဒဏ်ရာတဲ့ ၁၀ ယောက်တည်းက တစ်ယောက်ကတော့ စိုးရိမ်ရတယ်။ ကျန်တဲ့သူတွေကတော့ ကျ နော် တို့သွားကြည့်တဲ့အချိန်မှာ အရမ်းမဆိုးဘူးဆိုတဲ့အခြေအနေသိရတယ်၊ နေအိမ်တွေကတော့ အတော်ဆိုးဆိုးရွားရွားကို ထိခိုက်ပျက်စီးသွားတာ” ဟု ကူညီကယ်ဆယ်ပေးနေသူ ကိုအောင်မင်းဦး က ပြောကြားသည်။

 

အကြမ်းဖက်စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် အသက် ၇၀ အရွယ် ဦးမောင်လူး၊ အသက် ၆၀ အရွယ် ဒေါ် မူယွမ်၊ အသက် ၂၇ နှစ်အရွယ် ဒေါ်မလေး၊ အသက် ၄၇ နှစ်အရွယ် ဒေါ်မ ညွန့်၊ အသက် ၆ နှစ်အရွယ် မောင်ဘယ်နှဒ်တိုနှင့် အသက် ၂ နှစ်အရွယ် မနေမတို့ဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး (ရုပ်သံ)

အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက် ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း BDL PDF တပ်ဖွဲ့က ထုတ်ပြန်သည်။ ဩဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က အရာတော်မြို့နယ်၊...