LLPDF News

LLPDF News

လောင်းလုံးမြို့နယ်တွင် မြို့နယ် ရဲမှူးနှင့် စခန်းမှူးတို့ကို လုံခြုံရေးတာဝန်ယူပေးသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို မိုင်းဆွဲ၊ ဒရုန်းဖြင့် တိုက်ခိုက်မှု ၁ ဦးသေဆုံး

 

D Day News

မတ်လ ၃၀

 

တနင်္သာရီတိုင်း၊ လောင်းလုံမြို့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ထားဝယ်မြို့သို့ ပြောင်းရွှေ့စဉ် လမ်းကင်းယူပေး သော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -LLPDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ မတ်လ ၂၉ ရက် နံနက် ၅ နာရီဝန်းကျင်ခန့်က ထားဝယ်မြို့သို့ ပြောင်းရွှေ့သွားမည့်လောင်း လုံးမြို့နယ်ရဲတပ်ဖွဲ့မှူးကို လုံခြုံရေးယူပေးရန် လောင်းလုံးမြို့ပေါ်မှ စစ်ကောင်စီတပ်သား ၁၅ ဦးခန့် ခြေလျင် လမ်းကင်းထွက်ယူပေးစဉ် လမ်းပိုင်းတနေရာအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောာင် စီတပ်သား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံး (ပကဖ) လိပ်ပြာတပ်စု၊ လောင်းလုံး (ပကဖ) တောသားလေး တပ်စု နှင့် ဓူဝံကြယ်တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် များက လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အလားတူ မတ်လ ၂၉ ရက် နံနက် ၆ နာရီခွဲခန့်တွင် လောင်းလုံးမြို့မစခန်းမှူး လိုက်ပါလာသော အိမ် စီးကားကို လုံခြုံရေးယူပေးရန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးခန့်လိုက်ပါလာသည့် ရှေ့ဆုံးမှ မြေတင် ကားကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မြေတင်ကားအနောက်ခွင်အတွင်းသို့ တည့်တည့် ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

 

ထို့သို့ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် မြေတင်ကားနောက်ခန်း၌ လိုက်ပါလာသော အကြမ်းဖက် စစ် ကောင်စီတပ်ဖွဲ့ဝင်များအားလုံးထိခိုက်မှုသေဆုံးမှုရှိနိုင်ပြီးကားမှာ အရှိန်ကုန်မောင်းပြေးသွားကြောင်း၊ နောက်မှ လိုက်ပါလာသည့် စခန်းမှူးကား နောက်ခန်းမှ လက်နက်ငယ် ၄ ချက်ခန့် ပစ်ခတ်ခဲ့ကား ယင်း ကား လည်း အရှိန်ကုန်မောင်းပြေးသွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံး(ပကဖ) ကင်းမြီးကောက်ပြောက်ကျားတပ်စုမှ ပြုလုပ်ခဲ့ခြင်းဖြစ် ပြီး ၎င်းမစ်ရှင်တစ်ခုလုံးကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လောင်းလုံး -ပကဖ လိပ် ပြာတပ်စု၊ တော်သားလေးတပ်စု ၊ ကင်းမြီးကောက်ပြောက်ကျားတပ်စုနှင့် ဓူဝံကြယ်တပ် ဖွဲ့တို့ မှ ပူးတွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
PDF News

PDF News

BPLA အပတ်စဉ် ၉ သင်တန်းဆင်းပွဲသို့ NUG ဝန်းကြီး ဒေါက်တာဇော်ဝေစိုး ၊ TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ IEC ဒုဥက္ကဌ ခွန်းဘီထူး ၊ ABSDF ဒုဥက္ကဌနှင့် AA မှ တပ် မှူးတစ်ဦးတို့ တက်ရောက်   သံလွင်မြန်မာသတင်း...