Letpatan Township News

Letpatan Township News

လက်ပံတန်းမြို့နယ်၊ ကွမ်းခြံကုန်း စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား၊ ရဲ ၃ ဦး သေ ဆုံး

 

D Day News

မေလ ၈

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကွမ်းခြံကုန်း စစဆေးရေးဂိတ်ကို ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ ၃ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

 

ယမန်နေ့ မေလ ၇ ရက် ည သန်းခေါင် ၁၂ နာရီအချိန်တွင် လက်ပံတန်းမြို့နယ် အထွက် ရန်ကုန်-ပြည် ကားလမ်းပေါ်ရှိ အကြမ်းဖက်စစ်သားများ အထိုင်ချတပ်ဆွဲထားသော ကွမ်းခြံကုန်း စစ်ဆေးရေး ဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အပြန် အလှန်ပစ်ခတ်တိုက်ပွဲ ၁၀ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၂ ဦး၊ လက်အောက်ခံ ရဲ ၁ ဦး သေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃၊ တပ်ခွဲ၂ နှင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၃ (Myanmar Defense Force) နှင့် MBDF (မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့) တို့ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင် ခဲ့ကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်တပ် ကွမ်းခြံကုန်းစစ်ဆေးရေးဂိတ်သည် ပြည်သူများအား အကြောင်း အမျိုးမျိုး ပြ၍ ဖမ်းဆီးနှိပ်စက်ခြင်း၊ ငွေကြေးအဓ္ဓမ‌တောင်းခြင်း၊ လူငယ်များကို အတင်းအဓ္မမ ဖမ်းဆီး၍ စစ်မှု ထမ်းရန်စုဆောင်းခြင်း၊ လမ်းသွားလမ်းလာ ပြည်သူများကို အနိုင်ကျင့်ဗိုလ်ကျနေသည့်အတွက် ယခု လို မြိုပြစစ်ဆင်ရေးတစ်ခုအနေအဖြင့် အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ အသိပေးထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာလမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်သတ်ခံရ

ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာလမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်သတ်ခံရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၃ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာအတွင်းရှိ ရွာလည်လမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်ခတ်သတ်ဖြတ်ခံလိုက်ရကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ၊...