Letpadan News

Letpadan News

လက်ပံတန်းမြို့နယ်၊ ပဲခူးရိုးမတောင်ခြေတွင် အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်း သေဆုံး

 

D Day News

မေလ ၁၁

 

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်အရှေ့၊ ထန်းပင်ချောင်ရွာ၊ ပဲခူးရိုးမတောင်ခြေ၌ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း  သာယာဝတီဂဠုန်တပ်ဖွဲ့ ထံမှ သိရသည်။

 

ယမန်နေ့ မေလ ၁၀ ရက်နေ့ ည ၈ နာရီအချိန် အင်အား ၃၀ ဝန်းကျင်ဖြင့် လက်ပံတန်းမြို့နယ်၊ ထန်း ပင်ချောင်ရွာ၊ ပဲခူးရိုးမတောင်ခြေသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို ကြိုတင် သတင်းအရ အသင့်မိုင်းထောင်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သေဆုံးစစ်သားများနှင် လက်နက်များကို ကောက်ယူပြီး ပြန်ဆုတ်ပြေးသွား ကြောင်း သိရသည်။

 

“အရင်ဆုံးမိုင်းဆွဲတိုက်ခိုက်လိုက်တော့ သူတို့တွေ ကစဉ့်ကလျားတွေ အဲဒီအချိန်မှာမှ ကျွန်တော်တို့ အနီးကပ်ပစ်တာ သူတို့ ဘာမှ မလုပ်နိုင်ဘူး။ ရှေ့ကို ကျွံထွက်လာတဲ့ ကောင်တွေ မိုင်းဆွဲတိုက်ခိုက် တာ။ ကျန်တဲ့ နောက်က ကောင်တွေက အလောင်းတွေ ကောက်ပြီး ပြန်ဆုတ်သွားကြတယ်”ဟု သာယာဝတီဂဠုန်တပ်ဖွဲ့ မှ တာဝန်ရှိသူက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင်တပ်ဖွဲ့ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာနေရာကို နယ်မြေရှင်းလင်းစဉ်

အကြမ်းဖက်စစ်သားများ၏ လက်နက်ငယ် ကျည်အချို့နှင့် ၆၀ မမ ဗုံးသီးတစ်လုံးသိမ်းဆည်းရမိ ကြောင်း သိရသည်။

 

သေဆုံးစစ်သား အလောင်းကောက်ကာ ပြန်ဆုတ်သွားသည့် အကြမ်းဖက် စစ်သားများသည် ဆင် တလင်းရွာ အရောက်တွင် ပြည်သူ့ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း သာယာဝတီဂဠုန် တပ်ဖွဲ့ ထံမှ သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စစ်ကောင်စီက ကျင်းပသော အတုအယောင်ရွေးကောက်ပွဲသည် ပဋိပက္ခများကိုသာ တိုးပွားလာစေ မည်ဖြစ်သဖြင့် အသိအမှတ်မပြုပဲ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် NLD ထုတ်ပြန်

စစ်ကောင်စီက ကျင်းပသော အတုအယောင်ရွေးကောက်ပွဲသည် ပဋိပက္ခများကိုသာ တိုးပွားလာစေ မည်ဖြစ်သဖြင့် အသိအမှတ်မပြုပဲ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် NLD ထုတ်ပြန်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၃ အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲသည် ပဋိပက္ခများကိုသာ တိုးပွားလာစေ မည်ဖြစ်သောကြောင့် အသိအမှတ် မပြုပဲ ပူးပေါင်းဆောင်ရွက်ခြင်း မပြုကြရန် NLD ပါတီက ယနေ့ ထုတ်ပြန်လိုက်သည်။ ယနေ့ သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် ဒုတိယ...