Launglone News

Launglone News

လောင်းလုံးမြို့နယ်တွင် စစ်တပ်က လစာယူပြီး လက်နက်ကိုင်ထားသည့် ပျူတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

မေလ ၇

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လစာယူပြီးလက်နက်ကိုင်ထား သည့် ပျူတစ်ဦးပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

မေလ ၃ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင်‌ လောင်းလုံးမြို့နယ်၊ တောရှည်ရွာ လောင်းကစားဝိုင်း၌ ဆက်ကြေးကောက်နေသည့် ပျူမောင်အေးကို ပစ်ခတ်ခဲ့ရာ နေရာ မှာ ပင်ပွဲချင်းပြီး သေဆုံးသွား ကြောင်း၊ ၎င်းထံမှ လက်ပစ်ဗုံး ၁ လုံး၊ ဘောလုံးမီးပန်းများ ၊ မီးခြစ်၊ ဆေးဝါးတချို့နှင့် ဖန်ဂေါ်လီများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူမောင်အေးသည် လောင်းလုံးမြို့နယ်အတွင်း စစ်ရေးတင်းမာနေချိန် ခလရ ၁ဝ၄ တပ်ရင်း အတွင်းသွားရောက်နေထိုင် လေ့ရှိပြီး စစ်တပ်မှ ၎င်းကို လစာ တစ်လ ၁ သိန်းခွဲ ထောက်ပံ့ ပေး ထားကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က လက်နက်ပါ ထုတ်ပေးထားပြီး M16 A1 ၁ လက် နှင့် ပစ္စတို ၁ လက်ကိုင်ဆောင်ထားသူ ဖြစ်သော်လည်း လက်နက်ကို သိမ်းဆည်းရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

 

ပျူမောင်အေးသည် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးလာသည့်အခါ၌ လမ်းပြအဖြစ် ပါဝင်လေ့ ရှိပြီး နယ်မြေအတွင်း သတင်းအချက် အလက်များ ရှာဖွေ စုဆောင်းကာ အကြမ်းဖက် စစ်တပ်ထံ ပေး ပို့နေသူ ဖြစ်ကြောင်း၊ထို့ပြင် ပြည်သူများကိုလည်း အကြောင်းမဲ့ဖမ်းဆီးခြင်း၊ ကျေးရွားအတွင်းလောင်း ကစားဝိုင်း ပြုလုပ်ကာ အကောက်ကောက်ခံပြီး စစ်တပ်ထံ ဆက်ကြေး ထောက်ပံ့နေသူဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ရွှေသောင်ယံ တပ်စုက ခလရ ၁၀၄ တပ်ရင်းအနီး တောရှည်ရွာလောင်းကစားဝိုင်း၌ပင် ပျူမောင်အေးကို ဝင် ရောက် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာလမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်သတ်ခံရ

ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာလမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်သတ်ခံရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၃ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာအတွင်းရှိ ရွာလည်လမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်ခတ်သတ်ဖြတ်ခံလိုက်ရကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ၊...