Laung Lone News

Laung Lone News

ထားဝယ်မြစ်အတွင်း၌ အကြမ်းဖက်စက်လှေတစ်စီးကို ၄၀ မမ၊ လက်နက်ငယ်များ ဖြင့် ပစ်ခတ် တိုက်ခိုက် (ရုပ်သံ)

 

D Day News

ဧပြီလ ၂၄

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာသို့ ထားဝယ်မြစ်အကြောင်းအတိုင်း  စုန်ဆင်း လာသော အကြမ်းဖက်စစ်တပ် စက်လှေတစ်စီးကို ၄၀ မမ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ထားဝယ်မြို့မှ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာကို ထားဝယ်မြစ်ကြောင်းအတိုင်း စုန်ဆင်းလာသည့် အကြမ်းဖက်စစ်သား အင်အား ၂၀ ခန့်ပါ စက်လှေကြီး ၁ စီးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး ရဲဘော်များက ၄၀ မမ ဗုံး ပစ်လောင်ချာဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

https://youtu.be/xHQ0dnvol6A

ထို့နောက် လက်နက်ငယ်များဖြင့် ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်ခန့်အကြာဖြစ်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်သည့် ၄၀ မမ ဗုံးသီး ၂ လုံးသည် အကြမ်းဖက်စစ်သားများ လိုက်ပါလာသည့် စက်လှေကို တိုက်ရိုက်မှန်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

 

ထိုသို့ ထိမှန်ပြီးနောက် အကြမ်းဖက်စစ်သားများ လိုက်ပါလာသည် စက်လှေမှာ ကျောက်နီမော်ပျူရာ သို့ အရှိန်ကုန်မောင်းနှင်သွားကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့ – ပကဖ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုသိရှိ နိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်သင်္ဘောအုပ်စုကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက် (ရုပ်သံ)

ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်သင်္ဘောအုပ်စုကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက် (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်နှင့်ကနီမြို့နယ်ကြားတွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်း လာသော စစ်သင်္ဘော အုပ်စုကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောကို ထိမှန်ခဲ့ကြောင်း မဟူရာကျား ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ဩဂုတ်လ ၁၉ ရက်နေ့က နံနက်ပိုင်းက ကလးဝမြို့နယ်မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း...