Laung Lone News

Laung Lone News

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာရှိ ပျူစခန်းနှင့်စစ်တပ်စခန်းကုန်းများကို တပြိုင်တည်း ဝင် ရောက် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

 

D Day News

ဧပြီလ ၂၀

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ပျူရွာနှင့်အနီးပတ်ဝန်းကျင်ရှိ စစ်တပ်စခန်းကုန်း များကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း လောင်း လုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၁၉ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၃၀ အချိန်ခန့်က လောင်းလုံးမြို့နယ်၊ ကျောက်နီ မော်ရွာရှိ တာဝါတိုင်စခန်းကုန်း၊ ပျူစောထီးစခန်းနှင့် ဘုရားတောင်ကုန်းများရှိ အကြမ်းဖက်စစ်သား များ တပ်စွဲထားရာ နေရာများကို တပြိုင်တည်းဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တာဝါတိုင် စခန်း ကုန်း တိုက်ပွဲ၌ အကြမ်းဖက်စစ်သား ၁ ဦးပွဲချင်းပြီးသေဆုံးကာ ၄ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

 

ထိုသို ဒဏ်ရာရရှိသူ အကြမ်းဖက်စစ်သား ၄ ဦး အနက်မှ ယနေ့ ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ၃ ဦး ထက်မံသေဆုံးသွားသည်ဟု အတည်ပြုနိုင်ခဲ့သဖြင့် စုစုပေါင်းသေဆုံးသူ ၄ ဦးဖြစ်သွားကာ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ ဘုရားတောင်ကုန်း၌ တပ်စွဲထားသည့်စစ်သားများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ရာ စစ်သားများဘက်မှလည်း လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် အပြန်အလှန်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ပျူ စိုးသိန်းဦးဆောင်သည့် ကျောက်နီမော်ရွာ အအေးခန်းစက်ရုံဟောင်းရှိ စခန်းကို ဒရုန်း ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ စနိုက်ဘာဖြင့်ပစ်ခတ်တိုက်ခြင်းတို့ လုပ်ဆောင်ခဲ့ရာ အကြမ်းဖက်စစ် ကောင်စီ၏ ရေတပ်သင်္ဘောဖြင့် စစ်ကူရောက်ရှိလာကာ ၁၂၀ မမလက်နက်ကြီးဖြင့်ဆက်တိုက် ပစ် ခတ်ခဲ့ပြီး စစ်ကူပေးခဲ့ကြောင်း သိရသည်။

 

ထို့‌နောက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဘေးကင်း စွာ ပြန်လည်ဆုပ်ခွာခဲ့ကြောင်း၊ ကျောက်နီမော်ရွာ ပျူစခန်းတိုက်ခိုက်မှုနှင့် ဘုရားတောင်ကုန်း တိုက် ခိုက်မှုများအတွင်း အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးအခြေနေကို ဆက်လက်စုံစမ်းဆဲဖြစ်ကြောင်း လောင်းလုံး PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို Launglone PDF Air Force(ဒရုန်းတပ်ဖွဲ့) ၊ Launglone PDF Sniper Team (စနိုက်ပါအဖွဲ့) နှင့် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF မှ (တပ်စုပေါင်း စုံဖြင့်) လိပ်ပြာတပ်စု ၊ တောသားလေးတပ်စု၊ ဂဠုန်တပ်စု ၊ ဇုန် -၄ တပ်စု ၊ ကင်းမြှီးကောက်ပြောက် ကျားတပ်စုနှင့် ရွှေသောင်ယံတပ်စုတို့ ပူးပေါင်းပါ၀င်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ အမှတ် ၁၃ တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု သင်တန်းနည်းပြအရာရှိ ၃ ဦးအပါအဝင် ၂၁ ဦးသေဆုံးပြီး အဆောင် ၄ ခု မီး လောင်

သပိတ်ကျင်းမြို့နယ်၊ အမှတ် ၁၃ တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု သင်တန်းနည်းပြအရာရှိ ၃ ဦးအပါအဝင် ၂၁ ဦးသေဆုံးပြီး အဆောင် ၄ ခု မီး လောင်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အခြေစိုက် အမှတ် ၁၃ တပ်မတော်လေ့ကျင့်ရေး သင်တန်းကို ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်တန်းနည်းပြအရာရှိ ၃ ဦးအပါအဝင် ၂၁ ဦးသေ ဆုံးပြီး အဆောင် ၄ ခု မီး လောင်ခဲ့ကြောင်း Brave...