Laung Lone News

Laung Lone News

လောင်းလုံးမြို့နယ်တွင် တုတ်ပီးဓားပြီးသေနတ်ပီးသည်ဟုဆိုသူ ပျူစောထီးခေါင်းဆောင် အောင်ခင် ပစ်ခတ်ခံ ရပြီး သေဆုံး

 

D Day News

ဧပြီလ ၁၅

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှန်းရွာတွင် တုတ်ပီး၊ ဓားပီး သေနတ်ပီးသည်ဟုဆိုသူ ပျူစောထီးခေါင်းဆောင် အောင်ခင်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း Launglone People Defence Force-LLPDF ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၁၄ရက် ည ၇ နာရီခန့်က လောင်းလုံးမြို့နယ်တွင် တုတ်ပီး ဓါးပီး သေနတ်ပီးသည် ဟု ကြွေးကြော်ထားသူ စမ်းလှန်းရွာနေ ပျူစောထီးခေါင်းဆောင် အောင်ခင်ကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဝင်ရောက်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားပြီး ပျူစောထီး ခေါင်းဆောင်၏ ဇနီးဖြစ်သူမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

 

ထိုသို့ပစ်ခတ်ရှင်းလင်းပြီးနောက် ၎င်း၏နေအိမ်အတွင်း ဝင်ရောက် ရှာဖွေခဲ့ရာ အီကွေးမန့်တစ်စုံ လက်ပစ်ဗုံး ၁ လုံး ဓါးတို ၂ ချောင်း ၊ အရှည် ၁ ချောင်း ၊ ပျူစောထီးကဒ်ပြားများနှင့် အဆောင် အ ယောင် များသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

သေဆုံးသူ ပျူစောထီးခေါင်းဆောင် အောင်ခင်သည် တော်လှန်ရေးကာလအတွင်း စစ်ကောင်စီနှင့် ပူးပေါင်းကာ ပင်လယ်ပြင်မှ ငါးဖမ်းလှေများကို ဆက်ကြေးကောက်ခံပေးခြင်း၊ စစ်ကောင်စီ စစ် ကြောင်းများခေါ်ယူပြီး စစ်ကြောင်းထိုးလေ့ရှိခြင်း၊ ပြည်သူများကို လက်ညှိုးထိုး ဖမ်းဆီးခိုင်းခြင်း စသည့် ရာဇဝတ်မှုများ ကျူးလွန်နေသူဖြစ်သဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သေဆုံးသူ ပျူစောထီးခေါင်းဆောင် အောင်ခင်ကို ရှင်းလင်းရန်အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့သဖြင့် သူ့တွင် အခံရှိပြီး တုတ်ပီး ဓါးပီး သေနတ်ပီး သည်ဟုဆိုကာ ကြွေးကြော်ထား ကြောင်း၊ ၎င်း၏အမျိုးသမီးသည်လည်း စစ်ကောင်စီနှင့်ပူးပေါင်း လုပ်ကိုင်နေသူဖြစ်ပြီး တာဝါတိုင် စခန်းကုန်းမှ စစ်ကောင်စီများထံ ရိက္ခာပို့ပေးခြင်း လိုလေသေးမရှိဖြည့်ဆည်းပေးခြင်း များလုပ် ဆောင်နေသူဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ပျူစောထီးစာရင်းဝင်သောင်းကျန်းသူများအားအလျဉ်းသင့်သလိုတိုက် ခိုက်ရှင်းလင်း သွားမည်ဖြစ်ပြီး အသက်မဆုံးရှူံးချင်သည့်ပျူစောထီးများ အနေဖြင့် လက်နက်နှင့်တကွ အလင်းဝင် ရောက်ကြရန် လောင်းလုံး(ပကဖ)က အသိပေးထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KNU News

KNU News

သထုံမြို့နယ်၊ လယ်ဒို၊ ဆောထိမြို့တွင်စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် သတ်ဖြတ်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၄   ကေအဲန်ယူ−သထုံမြို့နယ်၊ လယ်ဒို မြို့နယ်နှင့် ဆောထိမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ...