Laung Lone News

Laung Lone News

လောင်းလုံမြို့နယ်၊ ကျောက်နီမော် ပျူစခန်းကို စနိုက်ပါဖြင့် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဧပြီလ ၁၁

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ထံမှ သိရသည်။

 

ဧပြီလ ၉ ရက်နေ့ နံနက် ၁၀ နာရီခန့်က ကျောက်နီမော်ရွာရှိ အကြမ်းဖက် စစ်သားနှင့် ပျူစောထီး တပ်စွဲထားသော စခန်းကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

https://youtu.be/5NfSDrD9W0A

ထိုသို့ ပစ်ခတ် တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၁ ဦး ဦးခေါင်းပွင့်ထွက် သေဆုံးသွားပြီး ပျူစောထီး ၁ ဦးလည်း လက်မောင်းကို ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

 

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်း ရေး အတွက် တစိုက်မတ်မတ်ကြိုးစား ဆောင်ရွက်လျှက်ရှိပြီး ပြည်သူများ စစ်ရေးသတိရှိကြရန် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မုံရွာမြို့နယ်၊သာစည်ကျေးရွာရှိ ထောင်ကြီးကွင်းနှင့် ရဲစခန်းကို တိုက်ခိုက်မှု ရဲ ၃ ဦးသေဆုံး (ရုပ်သံ)

မုံရွာမြို့နယ်၊သာစည်ကျေးရွာရှိ ထောင်ကြီးကွင်းနှင့် ရဲစခန်းကို တိုက်ခိုက်မှု ရဲ ၃ ဦးသေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၀ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်ကျေးရွာရှိ ထောင်ကြီးကွင်းနှင့် ရဲစခန်းကို ဝင်ရောက်တိုက်ခိုက် ခဲ့ရာ ရဲ ၃ ဦးသေဆုံးခဲ့ကြောင်း ဗမာ့တပ်တော် က ထုတ်ပြန်သည်။ အောက်တိုဘာလ ၆ ရက် ညနေ ၅ နာရီခန့်က မုံရွာမြို့နယ် ၊ သာစည်ကျေးရွာအနောက်ဘက်ရှိ...