Laung Lone News

Laung Lone News

လောင်းလုံးမြို့နယ်ရဲတပ်ဖွဲ့မှူး ထားဝယ်သို့ ပြောင်းရွှေ့စဉ် လုံခြုံရေးတာဝန်ယူပေးသည့် မြေသယ် ကားကို ဗုံးကြဲတိုက်ခိုက်မှု ကား၏ နောက်ဂွင်အတွင်းတည့်တည့်ကျရောက်ပေါက်ကွဲပြီး ၁၂ ဦးသေ ဆုံး

 

D Day News

ဧပြီလ ၁

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရဲတပ်ဖွဲ့မှူး ထားဝယ်မြို့သို့ ပြောင်းရွှေ့စဉ် လုံခြုံရေး ယူပေး သည့် မြေသယ်ကားကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကား၏ နောက်ဂွင်အတွင်း တည့်တည့် ကျ ရောက်ပေါက်ကွဲပြီး စစ်သား ၁၂ ဦးသေဆုံးခဲ့ကြောင်းလောင်းလုံးမြို့ နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ -LLPDF တပ်ဖွဲ့ထံမှ သိရသည်။

 

မတ်လ ၂၈ ရက် နံနက် ၆ နာရီခွဲ ခန့်က ထားဝယ်မြို့သို့ ပြောင်းရွှေ့သွားမည့်လောင်းလုံးမြို့နယ်ရဲ တပ်ဖွဲ့မှူးကို လုံခြုံရေးယူပေးရန် လောင်းလုံးမြို့မှ ထွက်လာသည့် ယာဉ်တန်းကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၅ ဦးလိုက်ပါလာသည့် မြေသယ်ကား၏ နောက်ခန်း ဂွင် အတွင်း တည့်တည့်ကျရောက်ပေါက်ကွဲပြီး ၂၂ ဦးထိခိုက်ဒဏ်ရာရရှိကာ ၃ ဦးမှာ မည်သည့်နေရာမှ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိပဲ လွတ်မြောက်သွားကြောင်း သိရသည်။

 

ထိုသို့ ထိခိုက်ဒဏ်ရာရရှိသူ ၂၂ ဦးအနက် ၁၂ ဦးသေဆုံးသွားပြီဖြစ်ပြီး ကျန်ဒဏ်ရာရရှိသူများမှာလည်း အပြင်းအထန်ဒဏ်ရာဖြင့် ထပ်မံသေဆုံးနိုင်ဖွယ်ရှိကြောင်း၊ ၎င်းတို့ကို ထားဝယ်မြို့ရှိ ကုတင် ၁၀၀ တပ်နယ်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေသည်ဟု ခိုင်လုံသည့် စစ်ကောင်စီသတင်းရင်း မြစ် ထံက သိရကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောဆိုထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံး (ပကဖ) လိပ်ပြာတပ်စု၊ လောင်းလုံး (ပကဖ) တောသားလေး တပ်စု နှင့် ဓူဝံကြယ်တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် များက လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မုံရွာမြို့ပေါ်တွင် ဆက်ကြေးကောက်နေသော ရဲများကိုတိုက်ခိုက်မှု အရာရှိ ၃ ဦးအပါအဝင် ၄ ဦး သေဆုံး၊ လက်နက် ၃ လက်သိမ်းဆည်းရရှိ

မုံရွာမြို့ပေါ်တွင် ဆက်ကြေးကောက်နေသော ရဲများကိုတိုက်ခိုက်မှု အရာရှိ ၃ ဦးအပါအဝင် ၄ ဦး သေဆုံး၊ လက်နက် ၃ လက်သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် ဆက်ကြေးကောက်နေသော ရဲများကို တိုက်ခိုက်ခဲ့ရာ အရာရှိ ၃ ဦး အပါအဝင် ၄ ဦးသေဆုံးပြီး လက်နက် ၃ လက်သိမ်းဆည်းရရှိခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေး အဖွဲ့ -ပလဖ က ထုတ်ပြန်သည်။ အောက်တိုဘာလ ၄ ရက်...