Laung Lone News

Laung Lone News

လောင်းလုံးမြို့နယ် သပိတ်ကော်မတီဝင်တစ်ဦး၏ နေအိမ်နှင့် ပြည်သူ့နေအိမ် ၃ လုံးကို အကြမ်း ဖက်စစ်တပ်က မီးရှို့ဖျက်ဆီး

 

D Day News

ဇူလိုင်လ ၂၃

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပြင်ချောင်းကျေးရွာရှိ မြို့နယ်သပိတ်ကော်မတီဝင်တစ်ဦး၏ နေအိမ်ကို အကြမ်းဖက်စစ်သားများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ် ရှားမှု သပိတ်ကော်မတီက ထုတ်ပြန်သည်။

 

ယမန်နေ့ ဇူလိုင်လ ၂၂ ရက် ညနေ ၃ နာရီအချိန်တွင် လောင်းလုံးမြို့နယ် အောက်ပိုင်းသို့ စစ်ကြောင်း  ထိုးနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများက ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ၏ ကော်မတီဝင်တစ်ဦးဖြစ်သည့် ရဲဘော် ဆူနာမီ၏ နေအိမ်ကို မီးရှို့ဖျက်ဆီးသွား ခြင်း ဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့မှစပြီး လောင်းလုံးမြို့နယ် အောက်ပိုင်းကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လောင်းလုံးမြို့နယ်၊ ပြင်ချောင်းကျေးရွာတွင်ရှိ ရဲဘော် ဆူနာမီ၏ နေ အိမ်ကို မီးရှို့ဖျက်ဆီးသွားခဲ့ခြင်းဖြစ်ကြောင်း၊ ရဲဘော် ဆူနာမီသည် Dawei LGBT Community ၏ ကိုယ်စားလှယ်အနေဖြင့် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီတွင် ကိုယ် စားပြုပါဝင်ကာ တော်လှန်ရေးတာဝန်များကို ထမ်းဆောင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

ရဲဘော် ဆူနာမီ၏ နေအိမ်ကို အရင်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်က နှစ်ကြိမ်ထက်မနည်း ဝင်ရောက်ရှာဖွေမွှေနှောက်ခဲ့ဖူးကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ် ရှားမှု သပိတ်ကော် မတီက ပြောဆိုသည်။

 

အဆိုပါအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၁၉ ရက်နေ့တွင်လည်း လောင်းလုံးမြို့ နယ်၊ ညင်းမော်ကျေးရွာအုပ်စု၊ ရင်းဘုတ်ရွာရှိ ပြည်သူပိုင် နေအိမ် ၃ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Yangon News

Yangon News

ရန်ကုန်မြို့၊ စမ်း/တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်   သံလွင်မြန်မာသတင်း မေလ ၁၉   ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ စမ်း/တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army – YA တပ်ဖွဲ့က ထုတ်ပြန်သည်။   ယနေ့မေလ ၁၉ ရက်...