Laung Lone News

Laung Lone News

လောင်းလုံးမြို့မှ ထွက်လာသော စစ်ကြောင်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ စစ်သားများက အသက် ၁၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ပစ်ခတ်သတ်ဖြတ်

 

D Day News

ဇူလိုင်လ ၁၇

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Launglone People Defence Force- LLPDF ထံမှ သိရသည်။

 

ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် လောင်းလုံးမြို့တွင်းမှ ထွက်လာသော အကြမ်းဖက် စစ် ကောင်စီ တပ်သားများကို သဗျာရွာနတ်ရေ ရတနာကျောင်းအနီး အရောက် နွေဦးပြောက်ကျား တပ် ဖွဲ့နှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သားများက သဗျာရွာနတ်ရေ ရတနာ ကျောင်းဝင်း အတွင်းဝင်ရောက်သွားကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်သွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများက ၎င်းတို့ တပ်စွဲထားရာ အနီးရှိ ပြည်သူတစ်ဦးကို ဖမ်းဆီးရိုက်နှက်ခဲ့ပြီး အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားရာ နေရာကို တော်လှန်ရေး တပ်ဖွဲ့များက ဝင် ရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၄ နာရီကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သားများ အထိနာကာ လောင်းလုံးမြို့တွင်းသို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးပြီး ၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ ကြောင်း Launglone People Defence Force- LLPDF ကထုတ်ပြန်ထားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံး (ပကဖ) ၊ ထားဝယ်ခရိုင်တပ်ရင်း (၁) ၊နွေဦးပြောက်ကျား တပ်ဖွဲ့၊ ဓူဝံကြယ်တပ်ဖွဲ့ နှင့် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့တို့က ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

PDF တပ်ဖွဲ့ဝင်အဖြစ်ထမ်းဆောင်ရန်ဝင်ရောက်လာသည့် အသက်မပြည့်သူ ကလေး ၄ ဦးကို မိဘ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ   သံလွင်မြန်မာသတင်း ဇွန်လ ၂၈   မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းမှ PDF တပ်ဖွဲ့ဝင် အဖြစ်ထမ်းဆောင်ရန် ရောက်ရှိလာသည့် အသက်မပြည့်သူ ကလေးသူငယ် ၄ ဦးကို မိဘအုပ်ထိန်းသူများထံ...