Laung Lone News

Laung Lone News

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာပျူစောထီးစခန်းနှင့် ဘုရားတောင်ပေါ်စစ်တပ်စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

 

D Day News

မတ်လ ၃၀

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာပျူစောထီးစခန်းနှင့် ဘုရားတောင်ပေါ် စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း နွေဦးပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

မတ်လ ၂၆ ရက် ည ၈ နာရီခွဲခန့်က လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင်ရှိသော အကြမ်း ဖက် စစ်သား၊ ပျူစောထီးတို့ နေထိုင်ရာ စီမံကိန်းဟောင်းကို တစ်ကြိမ်၊ မတ်လ ၂၉ ရက် ည ၇ နာရီ ၁၈ မိနစ်တွင် အကြမ်းဖက်စစ်သားများ ခိုလှုံရာ ဘုရားတောင်ပေါ်သို့သို့ တစ်ကြိ်မ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

“တစ်ကြိမ်ကို ၂ လုံးချခဲ့တယ်၊ ပစ်မှတ်ကိုတော့ ထိမှန်ပေါက်ကွဲခဲ့ပါတယ်၊ ရန်သူ ထိခိုက်မှုကိုတော့ အတည်ပြုလို့ မရသေးပါဘူးခင်ဗျား၊ ကျနော်တို့ ရဲဘော်တွေအားလုံး ဘေးကင်းစွာနဲ့ ဆုတ်ခွာနိုင်ခဲ့ပါ တယ်” ဟု နွေဦးပြောက်ကျားတပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြား ရေး တာဝန်ခံက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို နွေဦးပြောက်ကျား Drone တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ် သားများက ရမ်းသမ်းပစ်ခတ်မှုများ အချိန်မရွေးလုပ်ဆောင်လာနိုင်သောကြောင့် မိဘပြည်သူများ အနေဖြင့် လုံခြုံရေး အထူးဂရုစိုက်နေထိုင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

 

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
PDF News

PDF News

BPLA အပတ်စဉ် ၉ သင်တန်းဆင်းပွဲသို့ NUG ဝန်းကြီး ဒေါက်တာဇော်ဝေစိုး ၊ TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ IEC ဒုဥက္ကဌ ခွန်းဘီထူး ၊ ABSDF ဒုဥက္ကဌနှင့် AA မှ တပ် မှူးတစ်ဦးတို့ တက်ရောက်   သံလွင်မြန်မာသတင်း...