Lasho News

Lasho News

လားရှိုးမြို့သိမ်းတိုက်ပွဲတွင် တိုင်းမှူးပြုတ် ဗိုလ်ချုပ် စိုးတင့်၊ စကခ ၁ မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး နှင့် ရမခ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ဇင်ထွေးတို့ကို အရှင်ဖမ်းမိ

 

D Day News

ဩဂုတ်လ ၄

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း တိုင်းမှူးအဖြစ်မှ ဖြတ်ချခံခဲ့ရသည့် ဗိုလ် ချုပ်စိုးတင့်၊ စကခ မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးနှင့် ရမခတိုင်း စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး သန့်ဇင် ထွေးတို့ကို အရှင်ဖမ်းမိခဲ့ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ၎င်း၏ လူမှုကွန်ယက်မှ တဆင့် ပြောဆို သည်။

 

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးတင့် (ခ) မာမီစိုးကြီး၊ လက်တလောကာတွင် ရာထူး တိုးမြှင့်ပေးခံခဲ့ရသော စစ်ဒေသကွက်ကဲရေးဌာနချုပ် ၁ စကခ မှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေးနှင့် အရှေ့မြောက်ပိုင်းတိုင်း စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ဇင်ထွေတို့ကို MNDAA ပူးပေါင်းတပ်ဖွဲ့က ဖမ်း ဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဖမ်းဆီးခံရသူ ဗိုလ်ချုပ် စိုးတင့်သည် အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူးအဖြစ် ဇူလိုင်လ လယ်ပိုင်းက ဖြုတ်ချခံခဲ့ရသော်လည်း လားရှိုး၌ ကျန်ရှိနေခဲ့ကာ အသစ်ပြောင်းရွှေ့လာသည့် တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ်စိုးလှိုင်မှာလည်း လားရှိုးသို့ရောက်ရှိလာခြင်းမရှိကြောင်း၊ အသစ်ခန့်အပ်ခံရသည့် ဗိုလ်မှူး ချုပ် စိုးလှိုင်သည် မူဆယ်မြို့မှ ကွက်ကဲနေစဉ် လားရှိုးအခြေစိုက် အရှေ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကျရှုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ဗိုလ်မှူးချုပ်စိုးလှိုင်က တိုင်းမှူးသစ်ဖြစ်တဲ့အချိန်မှာလည်း သူက လားရှိုးကို မသွားဘူး။ မူဆယ်မှာပဲ ထိုင်ပြီး ကွပ်ကဲနေတာ။ သူ အရှေ့မြောက်တိုင်း စစ်ဌာန ချုပ် တိုင်းမှူးအသစ်ဖြစ်လိုက်တဲ့ကာလက ၁ လတောင် မရှိဘူး။ တိုင်းမှူးအဟောင်း ဗိုလ်ချုပ်စိုးတင့်ကတော့ လားရှိုးမှာပဲ ရှိနေခဲ့တာ။ အခု ရမခ ကျသွားတော့ တိုင်းမှူးအသစ် ဗိုလ်မှူးချုပ်စိုးလှိုင်လည်း မူဆယ်ကနေ လစ်ပြီလို့သိရတယ်။ ဆက် သွယ်လို့ မရတော့ဘူးလို့ပြောတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောဆိုထားသည်။

 

ယခုအခါ အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူးအသစ်ဖြစ်သည့် ဗိုလ်မှူးချုပ်စိုးလှိုင်မှာလည်း မူဆယ်မြို့မှ ထွက်ပြေးသွားပြီဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာကို စစ်တပ်ကလေကြောင်း၊ လက်နက် ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၁ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကမ်းပါနီးကျေးရွာနှင့် ဇရပ်ကွင်းကျေးရွာတို့ကို အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးပြီး ၄ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ...